• English
Friday, June 13, 2025
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Religion

ဗလီများကို ဝင်ရောက် လေ့လာနိုင်ပြီ

by ညိမ်းပြည့်စုံ
12 June 2013
in Religion
A A
ဗလီများကို ဝင်ရောက် လေ့လာနိုင်ပြီ

ရန်ကုန် ဆူးလေစေတီတော်အနီး ဘန်ဂါလီစွန္နီ ဂျာမေဗလီ (ဓာတ်ပုံ - ဂျေပိုင် / ဧရာဝတီ)

15.1k
VIEWS
Share on FacebookShare on Twitter

အစ္စလာမ်ဘာသာဝင်များအတွက် ဗလီဝတ်ကျောင်းသည် သန့်စင်မွန်မြတ်သည့် နေရာဖြစ်သည့်အတွက် ယုံမှတ်မှားနေသကဲ့သို့ အက်ဆစ်များ လက်နက်များ သိုလှောင်ထားခြင်းမရှိဘဲ မည်သည့်အချိန်တွင်မဆို ဘာသာကွဲများအနေဖြင့် လာရောက် လေ့လာနိုင်ကြောင်း မြန်မာမွတ်စလင် ကွန်ယက်ပေါင်းစုက ပြောဆိုလိုက်သည်။

“ဗလီကျောင်းထဲမှာ ဓါး အတိုလေး တချောင်းတောင် မရှိဘူး။ ဗလီမှာ အဖိုးအတန်ဆုံးက နာရီပဲရှိတယ်။ နောက် ကိုယ် လက် သန့်စင်ရတဲ့ ရေကန်ရှိတယ်။ အပြင်လူတွေပြောနေသလို ဗလီမှာ အန္တရာယ်ရှိတဲ့ ပစ္စည်းတွေက အခုလည်း မရှိဘူး နောင်လဲရှိလာမှာမဟုတ်ဘူး။ ဒါကို စဉ်းစားတွေးခေါ်တတ်တဲ့သူတွေကတော့ သိမှာပါ”ဟု မြန်မာမွတ်စ်လင် ကွန်ယက်မှ သဘာပတိဖြစ်သူ ဒေါက်တာမြင့်သိန်းက အစ္စလာမ်ဘာသာနှင့် မွတ်စ်လင်မ်များကို အထင်လွဲမှုများနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတွင်  ပြောသည်။

RelatedPosts

မြန်မာတွေရဲ့ “အမေရိကန်အိပ်မက်” ရပ်သွားပြီလား (ရုပ်/သံ)

မြန်မာတွေရဲ့ “အမေရိကန်အိပ်မက်” ရပ်သွားပြီလား (ရုပ်/သံ)

13 June 2025
0
တိုက်လေယာဉ် ပစ်ချခဲ့တဲ့ ပုလဲမှာ ဘာတွေဆက်ဖြစ်နေလဲ (ရုပ်/သံ)

တိုက်လေယာဉ် ပစ်ချခဲ့တဲ့ ပုလဲမှာ ဘာတွေဆက်ဖြစ်နေလဲ (ရုပ်/သံ)

12 June 2025
134
KNU ဌာနချုပ်ကို စစ်ကောင်စီ အသေခံဒရုန်း ၈ စင်းနဲ့ ထပ်တိုက် (ရုပ်/သံ)

KNU ဌာနချုပ်ကို စစ်ကောင်စီ အသေခံဒရုန်း ၈ စင်းနဲ့ ထပ်တိုက် (ရုပ်/သံ)

12 June 2025
135

ထိုသတင်းစာရှင်းလင်းပွဲသည် အစ္စလာမ်ဘာသာနှင့် မွတ်စ်လင်မ်များအပေါ် အထင်အမြင် နားလည်မှုလွဲမှားမှုများနှင့် ပတ်သက်၍ မွတ်စ်လင်မ် ပညာရှင်ကြီးများနှင့် မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်ကွန်ယက်ပေါင်းစု ( Unity For Peace Network )က ယနေ့ နံနက် ၁၀ နာရီခန့်တွင် ဗိုလ်တထောင်မြို့နယ်ရှိ YMCA ခန်းမ၌ ပြုလုပ်ခဲ့သည်။

ထိုပွဲကို အစ္စလာမ်ဘာသာရေးခေါင်းဆောင်များ တက်ရောက်ခဲ့ပြီး ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး အဖွဲ့မှ နာယကဖြစ်သူ ဦးကိုလေး၊ မြန်မာမွတ်စ်လင်မ် အဖွဲ့ချုပ်မှ ဓမ္မသတ်မှူး ဦးတင်မြင့်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ရှိအာဟ် သာသနာ့ ဝန်ဆောင်မှုှု အဖွဲ့ချုပ်မှ ဦးခင်မောင်ဦး၊ ဘာသာပေါင်းစုံငြိမ်းချမ်းရေးအဖွဲ့မှ ဦးအေးလွင်၊ မြန်မာ မွတ်စ်လင်မ် ကွန်ယက်မှ သဘာပတိ ဖြစ်သူ ဒေါက်တာမြင့်သိန်းနှင့် အထူးဧည့်သည်ဖြစ်သူ အလင်းတန်းဂျာနယ်မှ အယ်ဒီတာချုပ် ဦးဝင်းငြိမ်းတို့က ရှင်းလင်း ပြောကြားခဲ့ကြသည်။

ဗလီကျောင်းထဲသို့ အစ္စလာမ်ဘာသာဝင်ဖြစ်သော်လည်း သန့်ရှင်းမှုမရှိသူများကို ဝင်ခွင့်မပေးထားကြောင်း၊ ယခင်က ဗလီသို့ မည်သည့်ဘာသာခြားမှ မလာကြောင်း၊ မိမိတို့ ဘာသာဝင်များထဲတွင် သန့်ရှင်းသူများသာ လာရောက်ရသည့် နေရာဖြစ်သည့်အတွက် အခြားဘာသာခြားများ ဗလီသို့လာလျှင် အစ္စလာမ်ဘာသာဝင်များ၏ စိတ်တွင် တမျိုးတမည် ဖြစ်ကြကြောင်း၊ ထို့ပြင် ဗလီအချိန်ပြည့်ဖွင့်ထားပါက အချို့သူများက အပေါ့အလေးသွားရန်အတွက် လာခြင်းတို့ကြောင့် ဗလီအား အချိန်ပြည့် ဖွင့်ထားခြင်းမရှိကြောင်း သိရသည်။

“အခုလို စွပ်စွဲချက်တွေ၊ သံသယတွေ ဖြစ်လာတဲ့အတွက် ကျနော်တို့ တံခါးဖွင့်လိုက်ပါပြီ။ လာလေ့လာပါ ကြည့်ပါ။ ဒါပေမယ့် သန့်သန့်ရှင်းရှင်းဖြစ်အောင် ခြေလက်ဆေးတာတွေ လုပ်စေချင်တယ်။ တချို့ဆို ဗလီထဲက ပစ္စည်းတွေကို ဖြုတ်ယူသွားတာတွေရှိတယ်။ ဒါကြောင့် ဗလီတာဝန်ရှိသူတွေက  ဗလီကို ပိတ်ထားတယ်။ ဒါပေမယ့် ဗလီဖွင့်ချိန်မှာ ဝင်လေ့လာနိုင်တယ်”ဟု မြန်မာမွတ်စ်လင်မ်အဖွဲ့ချုပ်မှ သဘာပတိဖြစ်သူ ဦးတင်မြင့်က ပြောသည်။

အဆိုပါပွဲတွင် ၇၈၆ သည် အစ္စလာမ်ဘာသာက ကမ္ဘာကို လွှမ်းရမည် ဆိုသော ဖွင့်ဆိုချက်မှာ မဟုတ်ကြောင်း၊ အနှိုင်းမဲ့ ကိုးကွယ်ရာ အရှင်ထံမှ ကောင်းချီးမင်္ဂလာရယူရန်၊ အခြားသူများကို ကရုဏာထားဆက်ဆံရန် အစားအသောက်များကို စည်းကမ်းနဲ့အညီ စီရင်ထားခြင်းကို ရည်ညွှန်းထားခြင်းသာ ဖြစ်ကြောင်း၊ နောက် တရားတော်အရ ယုံကြည်ချက် တူသူခြင်းသာ လက်ထက်နိုင်ပြီး အိမ်ထောင်ပြုရန်သက်သက်  ဘာသာကူးပြောင်းမှုအား လက်မခံကြောင်း၊ ယောကျာ်တွေကို ခြွင်းချက်အနေဖြင့် မိန်းမ ၄ ယောက် ယူခွင့်ပေးထားကြောင်း၊ သို့သော် တလင်တမယားစနစ်ကိုသာ အားပေးကြောင်း အစ္စလာမ် ဘာသာရေးပညာရှင်များက ရှင်းပြသည်။

ဗလီဝတ်ကျောင်းသည် တရားမဝင် ကာမမှုတို့ ကျူးလွန်ရန် အားပေးသည့် နေရာမဟုတ်သကဲ့သို့ ဘာသာမတူသူ မိန်းမများအား လက်ထပ်နိုင်သူတို့ကို ထိုဇနီး၏ အဆင့်အလိုက် ထောက်ပံ့ကြေးပေးနေသည်ဟူသော စွပ်စွဲချက်သည် အခြေအမြစ်မရှိသော လိမ်ညာမှုသာဖြစ်ကြောင်း ပြောဆိုကြသည်။

“ဂျီဟာဒ်ဆိုတဲ့ အဓိပ္ပါယ်က အစွမ်းကုန်ကြိုးပမ်းမှုဖြစ်တယ်။ သာနာပြုဖို့ သာသနာ့စစ်ပွဲ ဆင်နွှဲဖို့ လမ်းညွှန်ချက် မဟုတ်ဘူး။ အစ္စလာမ်ဘာသာမှာ ကျူးကျော်စစ်ကို လုံးဝ ခွင့်မပြုထားဘူး။ ခုခံစစ်ကိုတော့ ခွင့်ပြုထားတယ်။ ဘာသာခြားတို့ အစ္စလာမ် သာသနာထဲကို ဝင်ရောက်ဖို့ အတင်းလုပ်တာကို ခွင့်မပြုထားဘူး”ဟု Unity For Peace Network မှာ တာဝန်ရှိသူ တဦး ဖြစ်သူ ဦးကျော်ဝင်းက ပြောသည်။

အစ္စလာမ်သာသနာ၏ မှတ်ကျောက်ဖြစ်သော ကုရ်အာန်ကျမ်းကို မွတ်စလင်တို့က ယုံကြည်ကြပြီး ၎င်းကို စနစ်တကျ ရွတ်ဆိုနည်း၊ ဘာသာပြန်နည်း၊ ဖွင့်ဆိုနည်းများ ရှိသော်လည်း ဘာသာကွဲတို့က မိမိတို့ လိုသလို အချိန်အဆက် လွဲမှားစွာ စစ်မက်ဆိုင်ရာ စစ်စည်းကမ်း၊ စစ်ဗျူဟာဆိုင်ရာ လမ်းညွှန်ချက်များကို  စစ်မက်ကင်းစင်သည့် ကာလဆိုင်ရာ လမ်းညွှန်ချက်များအဖြစ် ဖော်ပြကာ မွတ်စလင်တို့သည် ၎င်းဘာသာတူမဟုတ်သူများကို  သတ်ပစ်ကြရန်၊ ထိုသို့ ဘာသာခြားကို သတ်လျှင် ကုသိုလ်ရသည်ဟု လွဲမှားစွာ ဘာသာပြန်နေကြပြီး ထိုသို့ ကုရ်အာန်ကျမ်းတွင် လမ်းညွှန်ထားသည်မှာ မဟုတ်ဟုလည်း ဆိုကြသည်။

ပထမ၊ ဒုတိယကမ္ဘာစစ်တွင် လူသန်းပေါင်းများစွာ သေခဲ့ခြင်းမှာ မွတ်စလင်တို့ကြောင့် မဟုတ်ကြောင်း၊ အိန္ဒိယတွင် မဟတ္ထမ ဂန္ဒီအား ဟိန္ဒူအစွန်းရောက်က သတ်ခြင်း၊ ရာဂျစ်ဂန္ဒီကို တမိလ်တိုက်ဂါးအမျိုးသမီး အသေခံဗုံးခွဲခြင်း၊ အင်ဒီရာ ဂန္ဒီကို ဆစ်ခ်(ပန်ချာပီ) သက်တော်စောင့် သတ်ခြင်း၊ အစ္စရေးနိုင်ငံရေးခေါင်းဆောင်ရာဘင်ကို ဂျုးအစွန်းရောက်က သတ်ခြင်း၊ အမေရိကန်သမ္မတ အေဗရာဟမ်လင်ကွန်းအား အမေရိကန်လူမျိုးက သတ်ခြင်း၊ ဗြိတိန်မှ IRA အကြမ်းဖက်သမားများ၊ ယနေ့ထိ ဥရောပနှင့် ဂျပန်ဒုစရိုက်မှောင်ခို မူးယစ်ဂိုဏ်းတို့ အကြမ်းဖက်နေခြင်း၊ သေနတ်ကိုင်ခွင့်ကို တရားဝင် ဥပဒေက ခွင့်ပြုထားသော အမေရိကန်နိုင်ငံမှ ကျောင်းသား လူငယ်များပါ လူမမယ်များပါ မကျန် ပစ်ခတ်သတ်ဖြတ်နေခြင်းတို့မှာ အကြမ်းဖက် လုပ်ရပ်များပင်ဖြစ်ကြောင်း၊ အကြမ်းဖက်သမားများသည် ဘာသာတိုင်း လူမျိုးတိုင်းတွင် ရှိနေသောကြောင့် မွတ်စလင်တိုင်းသည် အကြမ်းဖက်သမားမဟုတ်၊ သို့သော် အကြမ်းဖက်သမားတိုင်းသည် မွတ်စ်လင်မ်ဖြစ်သည်ဟု မစွပ်စွဲသင့်ကြောင်း အစ္စလာမ်ဘာသာရေးပညာရှင်များက ပြောသည်။

ထို့ပြင် အစိုးရအသိအမှတ်ပြု အစ္စလာမ် ဘာသာရေးအဖွဲ့အစည်းများက လတ်တလော ဖြစ်ပျက်ခဲ့သော ပဋိပက္ခများနှင့် ပတ်သက်၍ ထိရောက်အောင် မလုပ်နိုင်ခြင်းမှာ ဘာသာရေးအဖွဲ့အစည်းများ၏ အထက်တွင် သာသနာရေး ဝန်ကြီးဌာနရှိနေသောကြောင့်ဖြစ်ပြီး မိမိတို့အနေဖြင့် ပြုလုပ်ရမည်များကို ပြုလုပ်ခဲ့သော်လည်း အကောင်မထည်ပေါ်ခြင်းမရှိသည်မှာ ထိုသို့ဖြစ်ရန် ဖန်တီးသူများကြောင့်ဟု ဒေါက်တာမြင့်သိန်းက ပြောသွားခဲ့သော်လည်း အတိအကျ ရှင်းလင်းခဲ့ခြင်း မရှိပေ။

Your Thoughts …
Tags: Muslim
ညိမ်းပြည့်စုံ

ညိမ်းပြည့်စုံ

ဧရာဝတီ

Similar Picks:

မိတီ္ထလာက အမုန်းမီးတောက်များ

မိတီ္ထလာက အမုန်းမီးတောက်များ

by ဂျေဆင်ဇပ်
23 April 2013
15.5k

ရွှေဆံညှပ်ပိုင်ရှင် ဒေါ်အေးအေးမြင့်က ခုချိန်ထိ ထိတ်လန့် တုန်လှုပ်နေဆဲ ရှိသေးသည်။ “အသတ်ခံလိုက်ရတဲ့ မူဆလင်တွေ အတွက် ကျမ စိတ်မကောင်းပါဘူး၊ လူတွေအားလုံး တူတူပါပဲ။ ကျမ ဆံညှပ် ကလေးကြောင့် ဘာတွေဖြစ်လာရတယ် ဆိုတာ ကျမ မသိတော့ပါဘူး”

မွတ်စလင် ဆန့်ကျင်ရေး လှုပ်ရှားမှု အရှိန်ရနေပြီ

မွတ်စလင် ဆန့်ကျင်ရေး လှုပ်ရှားမှု အရှိန်ရနေပြီ

by အင်ဒရူးမာရှယ်
1 July 2013
14.1k

၉၆၉ လှုပ်ရှားမှုကို အစိုးရထိပ်တန်း ပုဂ္ဂိုလ်များမှစ၍ အောက်ခြေ လူတန်းစား အလွှာများ အထိ ကျယ်ကျယ် ပြန့်ပြန့် ထောက်ခံနေကြပြီး မွတ်စလင်ဆန့်ကျင်ရေး လှုပ်ရှားမှုသည်လည်း အရှိန်ရနေပြီ ဖြစ်သည်။

“ဆွဲ၊ တင်၊ စစ်”နဲ့ လဝက

“ဆွဲ၊ တင်၊ စစ်”နဲ့ လဝက

by ငြိမ်းချမ်း
31 January 2013
10.3k

“ဆွဲ၊ တင်၊ စစ်” ကို ရခိုင်ပြည်နယ် မြောက်ပိုင်း နစက ခေါ် နယ်စပ်ဒေ စစ်ဆေးရေးနဲ့ ကွက်ကဲရေး တပ်ဖွဲ့ထဲက လူဝင်မှုကြီးကြပ်ရေး (လဝက) အဖွဲ့ တွေက လုပ်ကြရတဲ့ အလုပ်ဖြစ်ပါတယ်။

မြောက်ဥက္ကလာတွင် ဗလီ၌ သံဃာများကို ဆွမ်းကပ်၊ ငြိမ်းချမ်းရေး ဆွေးနွေး

မြောက်ဥက္ကလာတွင် ဗလီ၌ သံဃာများကို ဆွမ်းကပ်၊ ငြိမ်းချမ်းရေး ဆွေးနွေး

by ညိမ်းပြည့်စုံ
3 July 2013
8.5k

ကိုယ့်ကိုလာပြီး ကိုယ်ထိလက်ရောက် ကျူးလွန်ရင်လည်း ကိုယ်က ဘာမှပြန်မကျူးလွန်ဘဲ သက်ဆိုင်တဲ့ တာဝန်ရှိသူတွေကို၊ ရပ်ကွက်က အကြီးအကဲတွေကို၊ ဥပဒေအရ တာဝန်ရှိသူတွေကို အသိပေးပြီး အပြစ်ပေး အရေးယူခိုင်းမယ် ဆိုရင်လည်း ရတာပဲလေ။

ထိမ်းမြားမှု ဥပဒေသစ်ပြုရေး ဦးဝီရသူ တိုက်တွန်း

ထိမ်းမြားမှု ဥပဒေသစ်ပြုရေး ဦးဝီရသူ တိုက်တွန်း

by မေစစ်ပိုင်
13 June 2013
18.7k

မည်သည့် ဘာသာဝင် မဆို ဘာသာခြား၊ လူမျိုးခြား ဖြစ်ခဲ့ပါက ဗုဒ္ဓဘာသာဝင် အမျိုးသမီးကို လက်ထပ်မည် ဆိုလျှင် ဗုဒ္ဓဘာသာဝင် ဖြစ်ကြောင်း တရားဝင် လက်မှတ် ရရှိထားသူ ဖြစ်ရမည်ဖြစ်ပြီး လက်ထပ်မည့် အမျိုးသမီး၏ မိဘ သို့...

သံဃမဟာနာယက အဖွဲ့၏ ပိတ်ပင်မှု  ၉၆၉ အစည်းအဝေး ခေါ်မည်

သံဃမဟာနာယက အဖွဲ့၏ ပိတ်ပင်မှု ၉၆၉ အစည်းအဝေး ခေါ်မည်

by မေစစ်ပိုင်
9 September 2013
6.2k

၉၆၉ တွေက သံဃကွန်ရက် ဖွဲ့စည်း နေတာနဲ့ ပတ်သက် ပြီးတော့ ခွင့်မပြုဘူး၊ ညွှန်ကြားချက်လည်း ထုတ်မပေးဘူး။ တရားဝင်ခွင့်ပြုထားတာ သံဃ ဂိုဏ်း ၉ဂိုဏ်းပဲ ရှိတယ် ဆိုတာ သိရအောင် သံဃ အဖွဲ့အစည်းဆိုင်ရာ ဥပဒေနဲ့...

Next Post
မလေးရှားရောက် တရားမဝင် မြန်မာများ နေရပ်ပြန်နိုင်ရေး လက်မှတ် ထုတ်ပေးမည်

မလေးရှားရောက် တရားမဝင် မြန်မာများ နေရပ်ပြန်နိုင်ရေး လက်မှတ် ထုတ်ပေးမည်

ပဋိပက္ခ နောက်ကွယ်မှာ ဘယ်သူ ကြိုးကိုင်နေလဲ

ပဋိပက္ခ နောက်ကွယ်မှာ ဘယ်သူ ကြိုးကိုင်နေလဲ

Please login to join discussion
No Result
View All Result

Recommended

စစ်ထောက်လှမ်းရေး ဝါဒဖြန့် မြရာပင် မှ မြန်မာတိုင်းမ် ဆီသို့

စစ်ထောက်လှမ်းရေး ဝါဒဖြန့် မြရာပင် မှ မြန်မာတိုင်းမ် ဆီသို့

4 days ago
5.2k
စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

2 days ago
4.2k

Most Read

  • တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    shares
    Share 0 Tweet 0
  • စစ်ကောင်စီက မော်ဒယ်ဂျွန်လွင်ကို ဘာတွေ စစ်မေးခဲ့လဲ

    shares
    Share 0 Tweet 0
  • တော်လှန်ရေးတပ်ဖွဲ့တွေ ၈၀ ရာခိုင်နှုန်း နယ်မြေပိုင်စိုးသတဲ့လား

    shares
    Share 0 Tweet 0
  • စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

    shares
    Share 0 Tweet 0
  • စစ်ကောင်စီ ရွေးကောက်ပွဲ၏ ခါးသီးသော အမှန်တရားများ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate