သတင်းတို
အင်ဒိုနီးရှား-မြန်မာ ကုန်သွယ်ရေး တိုးမြှင့်ရန် သဘောတူ
This article has been converted from Zawgyi One to Unicode
အင်ဒိုနီးရှားနှင့် မြန်မာ နှစ်နိုင်ငံ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရန် သဘောတူလိုက်ကြောင်း သတင်းရသည်။ လာမည့် ၂၀၁၆ ခုနှစ်တွင် နှစ်နိုင်ငံကုန်သွယ်ရေး အမေရိကန် ဒေါ်လာ ၁ ဘီလီယံ အထိမြင့်တက်လာရန် မျှော်မှန်းထားကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး မာတီ နာတာလီဂါဝါ ကို ကိုးကား၍ ဘနားမား သတင်းတပုဒ်က ရေးသည်။ ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်က နှစ်နိုင်ငံ ကုန်သွယ်ရေးမှာ ဒေါ်လာ ၄၆၅ သန်း ရှိခဲ့ကြောင်း၊ ယင်း မတိုင်ခင် ရှေ့နှစ်က ဒေါ်လာ ၄၃၀.၇ သန်း ထက် ၇.၉၈ ရာခိုင်နှုန်း တိုးလာခြင်း ဖြစ်ကြောင်း၊ ၂၀၁၂ ခုနှစ်အတွင်း ရင်းနှီးမြှုပ်နှံမှုမှာလည်း ၂၄၁.၅ သန်းရှိခဲ့၍ ယခုနှစ်တွင်လည်း တိုးလာမည်ဟု မျှော်လင့်ကြောင်း သိရသည်။