မြန်မာ အစိုးရအနေနှင့် ထိုင်းခရီးသွား ဧည့်သည်များ ၏ လုံခြုံရေးအတွက် အကာအကွယ်ပေးရန် ထိုင်းနိုင်ငံက တောင်းဆို ကြောင်း သိရသည်။ ယနေ့ ထိုင်း-မြန်မာနယ်စပ် တာချီလိတ် မြို့တွင် ကျင်းပသည့် နယ်ခြားကော်မတီ အစည်းအဝေး၌ ထိုင်းဘက် က မေတ္တာ ရပ်ခံခြင်းဖြစ်သည်ဟု ဘန်ကောက်ပို့စ် သတင်းတွင် ဖော်ပြထားသည်။ ပြီးခဲ့သည့် မေလအတွင်း မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်သည့် ထိုင်းလူမျိုး ၅ ဦးကို ဖမ်းဆီး ငွေညှစ်မှု ဖြစ်ပွားခဲ့ကြောင်း၊ သို့သော် ထို ၅ ဦးသည် ထွက်ပြေး လွတ်မြောက်၍ ထိုင်းနိုင်ငံဘက်သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း၊ ဖမ်းဆီးသူများမှာ “ဝ” တပ်ဖွဲ့ဝင်များ ဖြစ်ပြီး ဘတ်ငွေ ၆ ဘီလီယံ ပေးရန် ငွေညှစ်ခဲ့ကြောင်းလည်း သတင်း၌ ပါရှိသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။