မလေးရှားနိုင်ငံရှိ မြန်မာနိုင်ငံသားများ အကြမ်းဖက်မှု ပဋိပက္ခများ ထပ်မံမဖန်တီးရန် မလေးရှား အစိုးရ က သတိပေးကြောင်း သိရ သည်။ မလေးရှား ပြည်ထဲရေး ဒု ဝန်ကြီးက လုံခြုံရေး တပ်ဖွဲ့ဝင်များ ဖမ်းဆီးထားသည့် မြန်မာနိုင်ငံသား ၂၅၀ ခန့်နှင့် တွေ့ဆုံရာ၌ ပြောကြားခြင်း ဖြစ်ကြောင်း၊ ယင်း မြန်မာနိုင်ငံသားများတွင် တရားဝင် အထောက်အထားလက်မှတ် မရှိသူများလည်း ပါဝင်ကြောင်း၊ ၎င်းတို့ကို မည်သို့ အရေးယူမည်ကို မသိရှိရသေးကြောင်း AP သတင်းက ဆိုသည်။ မြန်မာနိုင်ငံသားများ အနေနှင့် မလေးရှား ဥပဒေကို လေးစား လိုက်နာရန်လိုအပ်သည်ဟု ပြည်ထဲရေး ဒု ဝန်ကြီးက မလေးရှားတွင် ရောက်ရှိနေသော မြန်မာ ဒု နိုင်ငံခြားရေး ဝန်ကြီး ကို ယနေ့ ပြောဆိုကြောင်းလည်း သိရသည်။ မလေးရှားရှိ မြန်မာနိုင်ငံသားများ ကြုံတွေ့နေရသော အခက်အခဲများ ဖြေရှင်း ရန် ဇွန် ၁၁ ရက်က ဒု နိုင်ငံခြားရေး ဝန်ကြီး ဦးဇင်ယော်နှင့် ကိုယ်စားလှယ်များ ရောက်ရှိနေခြင်း ဖြစ်သည်။ မလေးရှားတွင် မေလ ၃၀ ရက် မှ စတင်၍ မြန်မာနိုင်ငံသားများ အကြမ်းဖက်တိုက်ခိုက် သတ်ဖြတ်ခံရ၍ သေဆုံးသူ ၆ ဦးခန့်ရှိပြီ ဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။