ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ် မဒေးကျွန်းတွင် ရွှေဂက်စ်ပိုက်လိုင်းကို အကောင်အထည် ဖော်နေသည့် တရုတ်အမျိုးသား ရေနံကော်ပိုရေးရှင်း (CNCP) ကို ခွင့်ပြုချက် မရဘဲ ဧပြီလအတွင်းက ဆန္ဒပြမှုဖြင့် တရာစွဲခံရသူ ၁၀ ဦးကို စစ်ဆေးရန် လာမည့် ဇွန်လ ၂၄ ရက်သို့ ရုံးချိန်း ထပ်မံပေးလိုက်ကြောင်း သိရသည်။ ယမန်နေ့က တရားလိုသက်သေများဖြစ်သည့် အလုပ်သမားဦးစီးဌာန၊ မီးသတ်ဌာန၊ မြို့နယ် ရဲတပ်ဖွဲ့တို့မှ တာဝန်ရှိသူများကို မေးမြန်းစစ်ဆေးခဲ့ပြီး တရားစွဲခံရသည့် ၁၀ ဦးကို စစ်ဆေးရန် ရုံးချိန်းထပ်မံ ပေးခြင်း ဖြစ်ကြောင်း တရားစွဲခံရသူ တဦးဖြစ်သည့် ဦးထွန်းကြည်က ပြောသည်။ တရားစွဲခံရသူများမှာ ဦးထွန်းကြည်နှင့်အတူ ကိုမောင်ယဉ်လှ၊ ဦးမောင်မောင်မြင့်၊ ဦးအောင်သိန်းထွန်း၊ ဦးမောင်ဖြူသီး၊ ဦးထွန်းခင်နု၊ ဦးမောင်မောင်စော၊ ဦးမောင်သန်းအေး၊ ကိုမောင်ထွန်းအေးနှင့် ကိုမျိုးမင်းနိုင်တို့ ဖြစ်ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။