သတင်းတို

သမ္မတ ဦးသိန်းစိန် ဗြိတိန်နှင့် ပြင်သစ်သို့ သွားမည်

This article has been converted from Zawgyi One to Unicode

သမ္မတ ဦးသိန်းစိန်သည် ဗြိတိန်နှင့် ပြင်သစ်နိုင်ငံသို့ လာမည့်လအတွင်း အလည်အပတ် သွားရောက်ရန်ရှိကြောင်း သိရသည်။ သမ္မတ ဦးသိန်းစိန်သည် ဥရောပရှိ နိုင်ငံ ၃ နိုင်ငံ သို့မဟုတ် ၄ နိုင်ငံသို့ လာမည့်လများအတွင်း သွားရောက်ရန် အစီအစဉ်ရှိကြောင်း၊ ဗြိတိန်နှင့် ပြင်သစ်သို့ သေချာပေါက် သွားရောက်မည်ဖြစ်ကြောင်း အမည်မဖော်လိုသူ အရာရှိတဦးကို ကိုးကား၍ AFP သတင်းက ဖော်ပြသည်။ ခရီးစဉ်နှင့် ပတ်သက်၍ အသေးစိတ်ကိုမူ အစိုးရက ထုတ်ပြန်ကြေညာခြင်း မရှိသေးပေ။

Loading