သတင်းတို

ကာကွယ် သစ်တောများ အတွင်းရှိ ရွာ ၁ ထောင်ကျော်ကို တရားဝင် သတ်မှတ်ပေး

This article has been converted from Zawgyi One to Unicode

သစ်တောကြိုးဝိုင်းနှင့် ကြိုးပြင် ကာကွယ်တောများအတွင်း ခွင့်ပြုချက်မရှိဘဲ တည်ထားသည့် ကျေးရွာ ၁၂၁၃ ရွာကို အစိုးရက တရားဝင် အသိအမှတ်ပြု နေထိုင်လုပ်ကိုင်ခွင့် ပေးမည်ဖြစ်ကြောင်း သိရသည်။ ခွင့်ပြုရာတွင် ကျေးရွာများ၊ စာသင်ကျောင်း၊ ဆေးပေးခန်း၊ သာသနာ့နယ်မြေများ ပါဝင်မည်ဖြစ်ကြောင်း၊ ပထမအဆင့်အနေဖြင့် အစိုးရ၏ ခွင့်ပြုချက်ဖြင့် သစ်တောမြေအဖြစ်မှ ပယ်ဖျက်ပေးမည်ဖြစ်ကြောင်း၊ သို့သော် ကာကွယ်တောများတွင် တရားမဝင် ထပ်မံကျူးကျော်ပါက တည်ဆဲဥပဒေအရ အရေးယူခံရမည် ဖြစ်ကြောင်း ကြေးမုံသတင်းစာတွင် ဖော်ပြထားသည်။

Loading