မလေးရှားရှိ မြန်မာအများစု အိမ်မပြန်ချင်သေး
This article has been converted from Zawgyi One to Unicode
မလေးရှားနိုင်ငံတွင် အခက်အခဲကြုံနေကြရသည့် မြန်မာနိုင်ငံသား အများစုမှာ မြန်မာနိုင်ငံသို့ မပြန်လိုကြကြောင်း နိုင်ငံခြားရေး ဒု ဝန်ကြီး ဦးဇင်ယော် က ပြောသည်။ တရားမဝင် နေထိုင် အလုပ်လုပ်နေသူများ အပါအဝင် မြန်မာနိုင်ငံသား အများစုက ၎င်းတို့ လုပ်ငန်းခွင်များ၌ စိုးရိမ်ရသည့် အခြေအနေ မရှိ၍ မပြန်လိုကြခြင်း ဖြစ်ကြောင်း၊ အခင်းဖြစ်ပွားရာ ဆာလာရန်း ဈေး ဝန်းကျင်၌ နေ ထိုင်သူ အများစုသာ ပြန်လိုကြကြောင်း မြန်မာ့အလင်း သတင်းစာနှင့် အင်တာဗျူးတွင် ဦးဇင်ယော်က ပြောကြားထားသည်။ မလေးရှားရှိ မြန်မာနိုင်ငံသားများ ကြုံတွေ့နေရသော အခက်အခဲများ ဖြေရှင်းရန် ဇွန် ၁၁ ရက်က ဦးဇင်ယော်နှင့် ကိုယ်စားလှယ် အဖွဲ့ ရောက်ရှိနေခြင်း ဖြစ်သည်။ မလေးရှားတွင် မေလ ၃၀ ရက် မှ စတင်၍ မြန်မာနိုင်ငံသားများ အကြမ်းဖက်တိုက်ခိုက် သတ်ဖြတ် ခံရ၍ ၅ ဦး သေဆုံး၍ ၆ ဦး ဒဏ်ရာရရှိကြောင်း သိရသည်။