သတင်းတို
ကချင် ဒုက္ခသည်များအတွက် ကုလသမဂ္ဂ အကူအညီများ ပေးပို့
This article has been converted from Zawgyi One to Unicode
ကချင်ပြည်နယ်အတွင်းရှိ ထောင်နှင့် ချီသည့် စစ်ဘေးရှောင် ဒုက္ခသည်များအတွက် ကုလသမဂ္ဂ က ကား ၁၀ စီးဖြင့် အကူအညီ အထောက်အပံ့များ ဇွန် ၁၂ ရက်က သွားရောက်ပေးပို့ကြောင်း သိရသည်။ စားရေရိက္ခာ၊ မီးဖိုချောင်သုံး ပစ္စည်းများနှင့် ဆေးဝါးများ ကို မိုင်ဂျာယန် ဒေသသို့ ပို့ဆောင်ခြင်း ဖြစ်ကြောင်း၊ အစိုးရ တပ်ဖွဲ့များနှင့် KIA တပ်ဖွဲ့များ ၂၀၁၁ ဇွန်လမှ စတင်၍ တိုက်ပွဲများ ဖြစ် ပွားပြီး ၂၀၁၂ အတွင်း ပိုမိုပြင်းထန်လာခဲ့ရာ ယင်းနောက် ၁ နှစ်ခန့် အကြာ၌ ကုလသမဂ္ဂ ၏ အကူအညီ ပထမဆုံး အကြိမ် ပေး အပ်ခြင်း ဖြစ်ကြောင်း The Nation သတင်းက ဆိုသည်။