မြန်မာနိုင်ငံဘက်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တရားမဝင် ဝင်ရောက်သူ ၇၅ ဦးကို ဇွန် ၁၆ ရက်က တာ့ခ်နာမြို့နယ်အတွင်း ဖမ်းဆီးမိကြောင်း သိရသည်။ ၄၃ ဦးတဖွဲ့နှင့် ၃၂ ဦးတဖွဲ့ ၂ ဖွဲ့ကို ဘင်္ဂလားဒေ့ရှ်ဘက် ကမ်းခြေ နတ်မြစ်အတွင်း ည ၁၂ နာရီ နှင့် နံက် ၃ နာရီ ခန့်က ဖမ်းဆီးရမိခြင်းဖြစ်ပြီး အမျိုးသား လူငယ်ပိုင်းများဖြစ်ကြောင်း တာ့ခ်နာ အခြေစိုက် အမှတ် ၄၂ နယ်ခြားစောင့် တပ် (BGB) တပ်ရင်းမှူးက ပြောသည်။ ၎င်းတို့ကို တာ့ခ်နာရဲစခန်းသို့ ပို့ဆောင်လိုက်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။