သတင်းတို

ရန်ကုန်မြို့ အဆင့်မြှင့်ရေး ပြည်တွင်းပြည်ပ လုပ်ငန်းရှင်များကို ကမ်းလှမ်း

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ရန်ကုန်မြို့ကို အဆင့်မြင့်မြို့တော် အဖြစ် တည်ဆောက်ရန် ပြည်တွင်း ပြည်ပ လုပ်ငန်းရှင်များအား ကမ်းလှမ်းနေကြောင်း သိရ သည်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ဦးစီး တည်ဆောက်မည့် ယင်းအစီအစဉ်၌ လေဆိပ်၊ ရထားလမ်း၊ ကားလမ်း အသစ်များ၊ အိမ်ရာ စီမံကိန်းများနှင့် Green Zones တည်ဆောက်ရေး စီမံကိန်းလည်း ပါဝင်ကြောင်း ဘန်ကောက်ပို့စ် သတင်းတွင် တွေ့ရှိရသည်။ အဓိက စီမံကိန်း ဧရိယာမှာ ၁၆၂ ဟက်တာ ရှိပြီး မရမ်းကုန်း မြို့နယ်တွင် ဖြစ်ကြောင်း၊ ဂျပန်နိုင်ငံ နိုင်ငံ တကာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီမှ နည်းပညာ အကူအညီများကို ရယူသွားမည်ဖြစ်ကြောင်းလည်း ပါရှိသည်။ လာမည့် ၂၀၄၀ ပြည့်နှစ်တွင် ရန်ကုန်မြို့၌ လူဦးရေ ၁၀ သန်း ရှိလာမည်ဖြစ်၍ ယင်းစီမံကိန်းကို ပြုလုပ်ခြင်း ဖြစ်ကြောင်း၊ လက်ရှိ ရန်ကုန် လူဦးရေမှာ ၅ ဒသမ ၁၄ သန်းခန့် ရှိနေပြီ ဖြစ်ကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading