မလေးရှားနိုင်ငံ၌ တရားမဝင် နေထိုင်မှုဖြင့် မြန်မာနိုင်ငံသား ၁၈၉ ဦး အရေးယူ ခံရကြောင်း သတင်းရသည်။ ၎င်းတို့ကို လဝက ဥပဒေ ပုဒ်မဖြင့် အရေးယူထားခြင်း ဖြစ်ပြီး မြန်မာနိုင်ငံသို့ ပြန်ပို့မည် ဖြစ်ကြောင်း မလေးရှား လဝက အရာရှိ တဦးကို ကိုးကား၍ The Star သတင်းက ရေးသည်။ ယခု အရေးယူခံရသူများသည် မကြာသေးခင်က ဖြစ်ပွားသည့် အကြမ်းဖက်တိုက်ခိုက်မှုများ နှင့် ပတ်သက်ပြီး ဇွန် ၇ ရက်က ဖမ်းဆီးထားသူ ၁၀၀၀ ခန့်ထဲမှ ဖြစ်ကြောင်း သိရသည်။ မလေးရှားတွင် မေလ ၃၀ ရက် မှ စတင်၍ မြန်မာနိုင်ငံသားများ အကြမ်းဖက်တိုက်ခိုက် သတ်ဖြတ် ခံရ၍ ၅ ဦး သေဆုံး၍ ၆ ဦး ဒဏ်ရာရရှိကြောင်း အစိုးရ မြန်မာ့ အလင်း သတင်းစာ၌ ဖော်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။