ဥရောပ သမဂ္ဂ(EU)က မြန်မာနိုင်ငံမှ ရေထွက်ကုန် ပင်လယ်စာများ ဝယ်ယူရန် စိတ်ဝင်စားနေကြောင်း သိရသည်။ EU ၏ ပိတ်ဆို့ ဒဏ်ခတ်မှုများ ဖယ်ရှားလိုက်သည့်အတွက် မြန်မာနိုင်ငံမှ ပင်လယ်စာ ထုတ်ကုန်များ ပြည်ပ တင်ပို့မှုကို ယခင်နှစ်များကထက် ၂၀၁၃ ခုနှစ်အတွင်း ပိုမိုမြင့်တက်လာရန် မျှော်လင့်ကြောင်း၊ ၂၀၁၂ ခုနှစ်တွင် ပင်လယ်စာ ထုတ်ကုန် ၄ ဒသမ ၅ သန်း တန် ထုတ် လုပ် နိုင်ခဲ့ပြီး ၂၀၁၁ ခုနှစ်ကလည်း ပင်လယ်စာ ထုတ်ကုန် ၄ ဒသမ ၁ သန်း တန် ထုတ်လုပ် နိုင်ခဲ့ကြောင်း ယမန်နေ့က မြန်မာ့ အလင်း တွင် ပါရှိသည်။ မြန်မာနိုင်ငံမှ တလားပီးယား ငါး နှင့် ပုစွန် ကဲ့သို့သော ရေထွက်ကုန်များကို EU အပါအဝင် အမေရိကန် နှင့် တခြားသော နိုင်ငံများက စိတ်ဝင်စားနေကြသည်ဟုလည်း ဆိုသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။