ထိုင်းနိုင်ငံက ဆန်စပါး လုပ်ငန်းအတွက် မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် ရှိကြောင်း သိရသည်။ လာမည့် နှစ်အနည်းငယ် အတွင်း မြန်မာနိုင်ငံ၏ ပြည်တွင်း အသားတင် ကုန်ထုတ်လုပ်မှု တန်ဖိုး(GDP) သည် ၅ ရာခိုင်နှုန်းခန့် မြင့်တက်လာနိုင်ကြောင်း၊ လက်ရှိ လယ်ယာ စိုက်ပျိုးရေး ကဏ္ဍတွင် ၄၃ ရာခိုင်နှုန်းရှိပြီး စိုက်ပျိုးမြေ ဟက်တာ ၇ သန်းခန့် ရှိကြောင်း ဘန်ကော်ပို့စ် သတင်း တွင် ဖော်ပြထားသည်။ အာရှ ဖွံ့ဖြိုးရေး ဘဏ်(ADB)၏ အစီရင်ခံစာ အရ ၂၀၁၁ ခုနှစ်က မြန်မာနိုင်ငံ ဆန်စပါး ထွက်ရှိမှုမှာ တန်ချိန် ၁၀ ဒသမ ၆၀ သန်း ရှိပြီး ၂၀၁၀ ပြည့်နှစ်ထက် ၁ ဒသမ ၈ ရာခိုင်နှုန်း မြင့်ကြောင်း သိရသည်။ မြန်မာ ဆန်စပါး ပြည်ပတင်ပို့မှုမှာ ၂၀၁၁ ခုနှစ်က ၆၅၁၀၀၀ တန် ရှိခဲ့ရာ ၂၀၂၁ တွင် တန်ချိန် ၁ ဒသမ ၆၄ သန်း တင်ပို့ နိုင်မည်ဟု မျှော်လင့်ရကြောင်းလည်း ပါရှိသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။