သတင်းတို

မြန်မာ့ ရော်ဘာ ၂၀၁၃ တွင် တန် ၁၅၀၀၀၀ ခန့် တင်ပို့ရန် မျှော်မှန်း

This article has been converted from Zawgyi One to Unicode

မြန်မာနိုင်ငံ၏ ရော်ဘာ ထုတ်ကုန် ၂၀၁၃ ခုနှစ်အတွက် တန် ၁၅၀၀၀၀ ခန့် ပြည်ပသို့ တင်ပို့ နိုင်ရန် မျှော်မှန်းထားကြောင်း သိရ သည်။ ၂၀၁၃ ခုနှစ် ပထမ ၄ လတာ ကာလအတွင်း ရော်ဘာ ကုန်ကြမ်း မက်ထရစ်တန် ၉၀၀၀ ခန့် ပြည်ပသို့ တင်ပို့နိုင်ခဲ့ရာ စင်္ကာပူ၊ မလေးရှားနှင့် တရုတ် နိုင်ငံများသို့ ဖြစ်ကြောင်း၊ ဆက်လက်၍ ဥရောပ နှင့် အနောက်နိုင်ငံများသို့ တင်ပို့နိုင်ရန် ကြိုးပမ်းနေသည် ဟုလည်း ဆိုသည်။၂၀၁၂ ခုနှစ်က ရော်ဘာကုန်ကြမ်း ထုတ်လုပ် တင်ပို့မှု တန် ၉၅၀၀၀ ခန့် ရှိခဲ့ကြောင်း၊ မြန်မာနိုင်ငံ၌ ရော်ဘာ စိုက်ဧရိယာ ဟက်တာ ၁၈၂၀၀၀ ခန့်ရှိကြောင်း၊ ရော်ဘာကို အဓိက မွန်ပြည်နယ်မှ စိုက်ပျိုးထွက်ရှိပြီး ပဲခူးတိုင်း၊ တနင်္သာရီတိုင်းနှင့် ကရင် ပြည်နယ်များတွင်လည်း ထွက်ရှိကြောင်း ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာ၌ ဖော်ပြထားသည်။

Loading