သတင်းတို

၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေ ပြင်ဆင်မည် မဟုတ်ကြောင်း အစိုးရ ထုတ်ပြန်

This article has been converted from Zawgyi One to Unicode

မြန်မာနိုင်ငံသား ဥပဒေ (၁၉၈၂ ခုနှစ်)ကို ပြင်ဆင်ရေးဆွဲရန် စီစဉ်ခြင်း မရှိကြောင်း အစိုးရက ထုတ်ပြန်လိုက်သည်။ ဇွန်လ ၁၃ ရက် က ထုတ်ဝေသည့် The Daily Eleven Newspaper ၌ ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေကို အစိုးရက ပြင်ဆင်ရေးဆွဲ၍ လွှတ်တော်သို့ တင်ရန် စီစဉ်နေပြီး လွှတ်တော်ကိုယ်စားလှယ် အများစု ကန့်ကွက်မည် ဟူသော သတင်းနှင့် ပတ်သက်၍ လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာန၏ ငြင်းဆိုချက်ကို ယနေ့ထုတ် အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။ မီဒီယာများ အနေဖြင့် ယင်းသို့ မှားယွင်းစွာ သတင်း ထုတ်ပြန်ခြင်းသည် ပြည်သူလူထုက အစိုးရအား အထင်အမြင် လွဲမှားပြီး နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးစီးပွားကို ထိခိုက်စေနိုင်ကြောင်းလည်း ပါရှိသည်။

Loading