ပြည်ထောင်စု တိုင်းရင်းသားပေါင်းစုံ နှီးနှောဖလှယ်ပွဲ တရပ်ကို ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်(DKBA) က ဦးဆောင်၍ ထိုင်း-မြန်မာ နယ်စပ် ဆုံဆည်းမြိုင် တွင် ဇွန် ၁၅ ရက်မှ ၁၇ ရက်အထိ ကျင်းပကြောင်း သတင်းရသည်။ ယင်းနှီးနှောဖလှယ်ပွဲ သို့ ကရင် ငြိမ်းချမ်းရေး ကောင်စီ(KNU/KNLA Peace Council) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောေဋ္ဌးမောင်(ခ) ဗိုလ်ထိန်မောင်၊ DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောလားပွယ်၊ ကယန်းပြည်သစ်ပါတီ၊ ရခိုင်လွတ်မြောက်ရေး တပ်မတော် (ALP)၊ ABSDF ၊ PNLO ၊ ရွှေဝါရောင် သံဃာ့ကွန်ရက်၊ မြဝတီမြို့နယ် စည်ပင်သာယာရေး ကော်မတီ၊ NLD-LA ၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၊ ကရင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်တချို့အပါဝင် အဖွဲ့အစည်းစုစုပေါင်း ၃၀ ကျော်နှင့် လူပေါင်း ၃၀၀ ကျော် တက် ရောက်ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။