• English
Thursday, June 19, 2025
No Result
View All Result
NEWSLETTER

32 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

နေပြည်တော် ကျောက်မျက်ပြပွဲ လာကြည့်သူ သောင်းကျော်ရှိ

by စနေလင်း
18 June 2013
in သတင်း
A A
နေပြည်တော် ကျောက်မျက်ပြပွဲ လာကြည့်သူ သောင်းကျော်ရှိ

နေပြည်တော် ကျောက်မျက်ရတနာ ခန်းမတွင် ကျင်းပနေသည် ရွှေရတု ကျောက်မျက်ရတနာ ပြပွဲ မြင်ကွင်း (ဓာတ်ပုံ - စနေလင်း/ ဧရာဝတီ)

3.5k
VIEWS
Share on FacebookShare on Twitter

နေပြည်တော် ကျောက်မျက်ရတနာ ခန်းမတွင် ကျင်းပသော ရွှေရတု မြန်မာ့ကျောက်မျက်ရတနာ ပြပွဲသို့ လာရောက်ကြည့် ရှုသူ သောင်းကျော် ရှိသောကြောင့် ဝင်ကြေးငွေ အများအပြား ရရှိခဲ့ကြောင်း သိရသည်။

ပြပွဲသို့ ဝင်ရောက်သော နိုင်ငံခြားသား ကျောက်ကုန်သည် တဦးလျှင် ဝင်ကြေး ဒေါ်လာ ၁၀၀ ပေးသွင်းရပြီး မြန်မာနိုင်ငံသား ကျောက်ကုန်သည် တဦးလျှင် ကျပ် ၁ သိန်းပေးသွင်းရကြောင်း ပြပွဲကျင်းပရေး ကော်မတီမှ အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူး အောင်ကျော်မိုးက ဧရာဝတီသို့ ပြောသည်။

RelatedPosts

ဝေဖန်သံတွေညံနေတဲ့ CDM နိုင်ငံ့ဝန်ထမ်းဥပဒေ

ဝေဖန်သံတွေညံနေတဲ့ CDM နိုင်ငံ့ဝန်ထမ်းဥပဒေ

19 June 2025
357
အသက် ၈၀ ပြည့် ဒေါ်အောင်ဆန်းစုကြည် လျှောက်သောလမ်း

အသက် ၈၀ ပြည့် ဒေါ်အောင်ဆန်းစုကြည် လျှောက်သောလမ်း

19 June 2025
348
ရန်ကုန်-ပြည်လမ်းမပေါ်ထိ တိုက်ပွဲတွေရောက်လာ (ရုပ်/သံ)

ရန်ကုန်-ပြည်လမ်းမပေါ်ထိ တိုက်ပွဲတွေရောက်လာ (ရုပ်/သံ)

18 June 2025
398

ထို့အပြင် ပြပွဲသို့ ဝင်ရောက်ခွင့်အတွက် ဝင်ရောက် လေ့လာသူနှင့် ပြည်တွင်း ကျောက်မျက်ကုမ္ပဏီများမှ ဒါရိုက်တာတဦးလျှင် ကျပ် ၆ သောင်း၊ ကျောက်များကို စောင့်ကြည့်ရန်အတွက် ကျောက်စောင့် တဦးလျှင် ကျပ် ၃ သောင်း၊ မှတ်တမ်းသမား များအတွက် တဦးလျှင် ကျပ် ၆ သောင်း ပေးသွင်းရကြောင်း သိရသည်။

ကျောက်စိမ်း လေလံဆွဲမည့် ပြည်ပကုန်သည် တဦးလျှင် ယူရိုငွေ ၅ သောင်း၊ ပြည်တွင်း ကုန်သည်တဦးလျှင် ယူရို ၂ သောင်း စပေါ်ငွေ ပေးသွင်းရကြောင်း၊ ကျောက်မျက်တွဲများ လေလံဝင်ဆွဲကြမည့် ပြည်ပကုန်သည် တဦးလျှင် ယူရို ၂ သောင်း၊ ပြည်တွင်း ကုန်သည်တဦးလျှင် ယူရိုငွေ ၁ သောင်း စပေါ်ငွေ ပေးသွင်းရကြောင်း ဗိုလ်မှူးအောင်ကျော်မိုးက ဆက်ပြောသည်။

“ဝင်ကြေးနဲ့တင် တော်တော်လေး ရပါတယ်။ စပေါ်တင်ထားတဲ့ ငွေတွေက တကယ်လို့ ကျောက်မဝယ်ဖြစ်ဘူး ဆိုရင် ပြန်ထုတ်ပေးတယ်။ ဝယ်ဖြစ်တယ် ဆိုရင်တော့ အဲဒီဝယ်ရမယ့် ငွေထဲကနေ စပေါ်ငွေကို နုတ်ပေးလိုက်တယ်” ဟု ၎င်းက ဆိုသည်။

ကနဦး စာရင်း အရ ရွှေရတု ကျောက်မျက်ပြပွဲသို့ စပေါ်ငွေ ပေးသွင်းထားသော ပြည်ပကုန်သည် ၃၃၀၀ နှင့် ပြည်တွင်း ကုန်သည် ၃၃၀၀ ရှိကြောင်း ပြပွဲကျင်းပရေး ကော်မတီ၏ စာရင်းများအရ သိရသည်။

ပြပွဲတွင် တင်ဒါ ကျောက်စိမ်းတွဲ ၉၆၅၇ တွဲ၊ လေလံ ကျောက်စိမ်းတွဲ ၃၄၆ တွဲ၊ ကျောက်မျက် တင်ဒါတွဲပေါင်း ၂၇၂ တွဲ၊ ကျောက်မျက် လေလံတွဲ ၁၀၇ တွဲ၊ ပုလဲ တင်ဒါတွဲ ၂၃၄ တွဲ၊ လေလံံတွဲ ၂၁ တွဲ ပြသထားကြောင်း၊ အချောထည် လက်ဝတ် ရတနာများ အပါအဝင် ဆိုင်ခန်းပေါင်း ၈၀ ရှိကြောင်းသိရသည်။

“ပြတဲ့ ကုမ္ပဏီပေါင်းက ၉၀၀ ကျော်နဲ့ ပြသထားတယ်။ တချို့ကတော့ နိုင်ငံတော်နဲ့ အကျိုးတူလုပ်ထားတဲ့ ကုမ္ပဏီတွေ။ တကယ်လို့ လေလံဆွဲလိုက်လို့ ရောင်းထွက်သွားရင် အကျိုးတူ ကုမ္ပဏီတွေက ၄၀ ရာခိုင်နှုန်း၊ တခြားကုမ္ပဏီတွေက ၁၀ ရာခိုင်နှုန်း အခွန်ကောက်မယ်” ဟု ဗိုလ်မှူး အောင်ကျော်မိုးက ဆိုသည်။

ထိုပြပွဲသို့ လာရောက်ကြသော ပြည်ပ ကုန်သည်များမှာ တရုတ်၊ ဟောင်ကောင်နှင့် မကာအိုနိုင်ငံ တို့မှ အများဆုံးဖြစ်ပြီး ထိုင်း၊ စင်ကာပူ၊ အိန္ဒိယ၊ မလေးရှားနှင့် ဂျပန်နိုင်ငံတို့မှ ကုန်သည်များလည်း လာရောက်ကြကြောင်း သိရသည်။

“ဒီက ဈေးတွေက အနည်းဆုံး ဒေါ်လာ ၁ သောင်းကျော်တွေက များတယ်။ ဒါပေမယ့် လေလံဆွဲမယ့် နေ့ကြမှ ဝယ်ဖြစ်၊ မဝယ်ဖြစ် ပြောလို့ရမယ်၊ လောလောဆယ်တော့ ကြည့်ဦးမယ်” ဟု ပြပွဲသို့ လာရောက်သော တရုတ်နိုင်ငံသား ကုန်သည် တဦးက ဧရာဝတီသို့ ပြောသည်။

လက်ရှိ အနေအထားများအရ မီဒီယာများ အပါအဝင် မည်သူမဆို ငွေကြေး ပေးသွင်းရမည်ဖြစ်ပြီး ယခုပြပွဲအတွက် ကုန်ကျ သော စရိတ်များ ကာမိစေရန် ကောက်ခံရခြင်း ဖြစ်ကြောင်း၊ ယခု ပြသလျှက်ရှိသော ကျောက်မျက်ရတနာ အသင်းခန်းမ အတွက် ပြပွဲတပွဲလျှင် အမေရိကန်ဒေါ်လာ ၂ သိန်းခွဲကို ကျောက်မျက် အသင်းသို့ ပေးသွင်းရကြောင်း ပြပွဲ ကျင်းပရေး တာဝန်ရှိသူများထံမှ သိရသည်။

ထို့အတွက် ပြည်ပမီဒီယာများ အပါအဝင် ပြည်တွင်း သတင်းဌာန ၂ ခုသာလျှင် ဝင်ရောက်ခဲ့ပြီး တခြားသော မီဒီယာများသည် ဖွင့်ပွဲနေ့တွင် ကျောက်မျက်ပြပွဲဝင်း ပြင်ပမှ မှတ်တမ်းများ ရိုက်ကူးကာ အတွင်းသို့ ဝင်ရောက်မှုမရှိခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနမှ သိရသည်။

“ကျောက်တွေ အရောင်းအဝယ် ဖြစ်မဖြစ်တော့ မသိရဘူး။ ကျနော်တို့ အနေနဲ့ကတော့ ရင်းလိုက်ရတာတွေ များနေပြီ။ နေပြည်တော်ကို လာရတဲ့ စရိတ်အပြင် ဝင်ခွင့်အတွက် ကုန်ကျစရိတ်ကပဲ ကျပ်သိန်း ၃၀ ကျော်နေပြီ။ တကယ်လို့များ ကျောက် အရောင်းအဝယ် အဆင်မပြေခဲ့ရင် အဲဒါတွေက ဆုံးမှာ” ဟု အမည်မဖော်လိုသူ ပြည်တွင်း ကျောက်ကုန်သည် တဦးက ဆိုသည်။

ကျောက်မျက်ရတနာ အရောင်းခန်းမများတွင် နိုင်ငံခြားသား ကုန်သည်များ ဝင်ရောက်လေ့လာမှု ရှိသော်လည်း အများအား ဖြင့် လေလံစွဲမည့် အရေးကိုသာ အဓိက ထားကြောင်း၊ ပြည်တွင်း ဈေးကွက်အနေဖြင့် လက်ရှိ အနေအထားများအရ ပြည်ပ ကုန်သည်များကို မျှော်လင့်ရန် အလွန်ခက်ခဲကြောင်း မန္တလေးမြို့မှ လာရောက်ပြသသော ကျောက်ကုန်သည် တဦးက ပြောသည်။

“ကျနော်တို့အနေနဲ့က အခုလို ပြပွဲရှိမှ အရောင်းအဝယ်ကို မျှော်လင့်လို့ရတယ်။ ဒါပေမယ့် တကယ်အရောင်းအဝယ် ဖြစ် မဖြစ်ဆိုတာ သိပ်တော့ မမျှော်လင့်ထားဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ အခုကျောက်ပွဲကို တက်လာတဲ့သူတွေ အများစုက ဈေးကွက် အနေအထားကို လာလေ့လာမယ့်သူ များမယ်ထင်တယ်” ဟု ၎င်းက ဆိုသည်။

ယခု ပြသလျှက်ရှိသော ကျောက်စိမ်းနှင့် ကျောက်မျက်တွဲများတွင် ယခင်တကြိမ်က ပြသထားသော ကျောက်စိမ်းများနှင့် ကျောက်မျက်တွဲများ ပါဝင်ကြောင်း သတ္တုတွင်း ဝန်ကြီးဌာနမှ သိရသည်။

သို့ရာတွင် ပြပွဲကျင်းပရေး အစီအစဉ်များနှင့် ပတ်သက်ပြီး နိုင်ငံခြားသား ကျောက်ကုန်သည် များအတွက် စီစဉ်ဆောင်ရွက် ရာတွင် ကြန့်ကြာမှုများကြောင့် အဆင်မပြေ ဖြစ်ရကြောင်း ပြပွဲတွင် ဝင်ရောက်ပြသသော မန္တလေးမှ ရတနာကုန်သည် တဦးက ဧရာဝတီသို့ ပြောသည်။

ပြပွဲ ဝင်ခွင့်ကတ်ပြားများ ပြုလုပ်ရာတွင် ဒေသခံ မိတ်ဆွေ မရှိသော နိုင်ငံခြားသား ကျောက်ကုန်သည် များအတွက် များစွာ စိတ်အနှောင့်အယှက် ဖြစ်ခဲ့ရကြောင်း ၎င်းက ဆိုသည်။

“ဝင်ခွင့်ကတ်လုပ်တော့ စာရွက်စာတမ်း အထောက်အထားတွေ ကိုယ့်ဆီမှာ စုံနေပေမယ့် ပြပွဲအတွင်းပိုင်းမှာမှ လုပ်ပေးတဲ့ သူတွေက ရှိတာ။ ငွေသွင်းရတာက ပြပွဲ အပြင်ဘက်မှာ ရှိပေမယ့် လက်မှတ် ထိုးပေးမယ့်သူတွေက အတွင်းမှာ ဆိုတော့ အပြင်က လူတွေကလည်း အတွင်းကိုဝင်မရနဲ့ တကယ်လို့ နယ်ခံမရှိတဲ့၊ အကူအညီပေးမယ့်သူ မရှိတဲ့ ကုန်သည်တွေ တော်တော်လေး စိတ်ညစ်ရတယ်။ စီစဉ်တဲ့သူတွေက အဲဒါတွေကို ထည့်တွက်သင့်တယ်” ဟု ၎င်းက ဆက်ပြောသည်။

Your Thoughts …
Tags: Nay Pyi Taw
စနေလင်း

စနေလင်း

ဧရာဝတီ

Similar Picks:

ရာဇဓာနီ မင်းနေပြည်တော်နဲ့ …

ရာဇဓာနီ မင်းနေပြည်တော်နဲ့ …

by ကိုစိုး
12 January 2013
9.7k

စေတီတော် ရင်ပြင် ပေါ်ကို ဓာတ်လှေကားနဲ့ တက်လာခဲ့ရာ အရှေ့တောင်အရပ်မှာ အမြင့်ပေ ၁၀၀ ကျော်ရှိတဲ့ ကမ္ပည်းမော်ကွန်းတိုင် ရှိပါတယ်။ မော် ကွန်းတိုင်မှာ ရေးထိုးထားတဲ့ မော်ကွန်း ကမ္ပည်းလွှာက စစချင်း စကားလုံးပါ။

ပြင်ဦးလွင်က စစ်တက္ကသိုလ်တွေ ရွှေ့မယ် (ရုပ်/သံ)

ပြင်ဦးလွင်က စစ်တက္ကသိုလ်တွေ ရွှေ့မယ် (ရုပ်/သံ)

by ဧရာဝတီ
29 January 2025
234

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့တွင်ရှိနေတဲ့ စစ်တက္ကသိုလ် DSA နဲ့ စစ်အင်ဂျင်နီယာတက္ကသိုလ် DSTA ကျောင်းတွေကို နေပြည်တော် ဇေယျာသီရိမြို့နယ် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်ဝန်းအတွင်း ပြောင်းလဲဖွင့်လှစ်ဖို့ ရွှေ့ပြောင်းနေပြီလို့ ဧရာဝတီသတင်းရင်းမြစ်တွေဆီကနေသိရပါတယ်။

အားကစားကွင်း, သမိုင်း

မြန်မာနိုင်ငံနှင့် အားကစား ပြိုင်ဝင်းကြီးများ (၁)

by ခင်မောင်ထွေး (ပျဉ်းမနား)
28 September 2013
5k

၁၉၅၀-၅၁ ခုနှစ်တွင် စတင် ဖွဲ့စည်းခဲ့သည့် အမျိုးသား ကိုယ်လက်ကြံ့ခိုင်ရေး ကောင်စီမှ စကာ လက်ရှိ ပြည်ထောင်စု အားကစားဝန်ကြီး ဌာန အထိ နိုင်ငံတော်က ဆောက်လုပ်ပေးသည့် အားကစား ပြိုင်ဝင်းဟူ၍ မရှိသေးပါ

ယာဉ်မတော်တဆမှု မကြာခဏ ဖြစ်နေသည့် ရန်ကုန် – နေပြည်တော် – မန္တလေး အမြန်လမ်းမကြီး မြင်ကွင်း (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

နေပြည်တော်အဝေးပြေးလမ်းမှာ နာနာဘာဝတွေ ရှိနေသလား

by မေစစ်ပိုင်
2 August 2013
19k

ကျမ အမေကတော့ ဘုရားစာရွတ်နေတယ်၊ ဒါပေမဲ့ ကျမ အဲ့ဒါကို မတွေးမိဘူး၊ နောက်တော့ ဆိုင်ကယ်တွေက ၂မိုင်လောက် ပါလာပြီး ရုတ်တရက်ပျောက်သွားတော့မှ နာနာဘာဝတွေ နှောင့်ယှက်မှန်း သိရတာ

နေပြည်တော်တွင် ပုံစံတူ ဗုဒ္ဓဂယာ စတင်ဖွင့်လှစ်

နေပြည်တော်တွင် ပုံစံတူ ဗုဒ္ဓဂယာ စတင်ဖွင့်လှစ်

by ကျော်ခ
19 March 2013
6.3k

မဟာဗောဓိပင် ရွှေပလ္လင်တော်၊ အနိမိသ စေတီတော်၊ ရတနာ စင်္ကြတော်၊ ရတနာဃရ ရွှေအိမ်၊ အဇပါလညောင်ပင်၊ မုဉ္စလိန္ဒာရေကန်နှင့် ရာဇာယတန လင်းလွန်းပင်တို့ကိုလည်း အန္ဒိယနိုင်ငံ ဗုဒ္ဓဂယာ အတိုင်းပင် တည်ထားကြောင်း ဦးကံချွန်က ပြောသည်။

အာဆီယံရဲ့ ကြွေးကြော်သံ နိုင်ငံရေးထဲ မြန်မာလည်း ပါဝင်လာ

အာဆီယံရဲ့ ကြွေးကြော်သံ နိုင်ငံရေးထဲ မြန်မာလည်း ပါဝင်လာ

by ကဝီ ချုံကစ်တဝန်
3 September 2013
3.6k

မြန်မာက ရွေးချယ် လိုက်သော ဆောင်ပုဒ်သည် အာဆီယံအဖွဲ့၏ သမိုင်းကြောင်းတွင် အရှည်လျားဆုံးဖြစ်ပြီး မကြာသေးခင်ကမှ သမ္မတ ဦးသိန်းစိန်က လက်ခံ သဘောတူခဲ့ခြင်း ဖြစ်သည်။

Next Post
မြန်မာ့ရုပ်ရှင် အဆင့်သတ်မှတ်ချက် ရှိသင့်၊ မရှိသင့်

မြန်မာ့ရုပ်ရှင် အဆင့်သတ်မှတ်ချက် ရှိသင့်၊ မရှိသင့်

မြန်မာ့ ဆင်ဖြူ ထိုင်းကို မငှားနိုင်

မြန်မာ့ ဆင်ဖြူ ထိုင်းကို မငှားနိုင်

Please login to join discussion
No Result
View All Result

Recommended

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

5 days ago
5.7k
ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

23 hours ago
5.3k

Most Read

  • ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

    ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

    shares
    Share 0 Tweet 0
  • ၃၃ နှင့် ၉၉ တပ်မမှူးများကို ဖြုတ်ထုတ်ရှင်းသည့် ဇာတ်လမ်းနောက်ကွယ်

    shares
    Share 0 Tweet 0
  • သူ့နာမည်က ဒေါ်အောင်ဆန်းစုကြည်

    shares
    Share 0 Tweet 0
  • ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခအကြောင်း သိကောင်းစရာများ

    shares
    Share 0 Tweet 0
  • ရန်ကုန်-မြဝတီလမ်းပေါ်က ဝါးတားဂိတ်များ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate