သတင်းတို

မူလတန်း အဆင့် သင်ကြားခွင့်မရသူ ၁၅ ရာခိုင်နှုန်းရှိ

This article has been converted from Zawgyi One to Unicode

မြန်မာနိုင်ငံ၌ အခြေခံပညာရေးတွင် မူလတန်းအဆင့် ကျောင်းပြီးဆုံးသည်အထိ သင်ကြားခွင့်မရသူ ၁၅ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။ မူလတန်းအဆင့် သင်ယူပြီးမြောက်သူ ၈၅ ရာခိုင်နှုန်းသာ ရှိကြောင်း၊ ၂၀၁၁-၂၀၁၂ ပညာသင်နှစ်မှစ၍ အခမဲ့ မသင် မနေရ မူလတန်း ပညာရေး စနစ်ကို အကောင်အထည် ဖော်နေကြောင်း၊ အခြေခံပညာ ကျောင်းသားများ ကျောင်းတက်နှုန်း မြင့် မား ရေးသည် အမျိုးသားရေး တာဝန်တရပ်အနေဖြင့် ဆောင်ရွက်ရမည့် စီမံကိန်းတခု ဖြစ်ကြောင်း ယနေ့ မြန်မာ့ အလင်း သတင်း စာ၌ ပါရှိသည်။ မူလတန်းအဆင့် သင်ယူပြီးမြောက်ခြင်း မရှိသူများအား စာသင်ကြားပေးနေသည့် ကျောင်းပြင်ပ မူလတန်း ပညာ ရေး Non-Formal Primary Education(NFPE)မှ စီမံချက် ဒါရိုက်တာ ဦးတင်ညိုနှင့် အင်တာဗျူးတွင် ဖော်ပြထားခြင်း ဖြစ်သည်။

Loading