အိန္ဒိယ သွင်းကုန်ပို့ကုန် ဘဏ် (Exim Bank)က ရန်ကုန်မြို့တွင် ကိုယ်စားလှယ် ရုံးခွဲ ဖွင့်လှစ်ရန် စီစဉ်နေကြောင်း သိရသည်။ ဘဏ်ခွဲ ဖွင့်ခွင့် လိုင်စင်ကို လက်ခံရရှိပြီးကြောင်း၊ Exim Bank သည် Tata ကားကုမ္ပဏီ လုပ်ငန်း၊ ရထားလမ်း အဆင့်မြှင့်ရေး ဆိုင်ရာ စသည့် စီမံကိန်းများအတွက် မြန်မာ့ နိုင်ငံခြား ကုန်သွယ်မှု ဘဏ်သို့ အမေရိကန် ဒေါ်လာ ၂၄၇.၄၃ သန်း ချေးငှားထားမှုကို ဆက်လက် သက်တမ်းတိုးရန် ရှိကြောင်း၊ ဆည်မြောင်း စီမံကိန်းများ၊ အဆင့်မြှင်တင်မည့် အဓိက ရထားလမ်း ၃ ခု စီမံကိန်းများ ဆိုင်ရာ ဆွေးနွေးပွဲ များအတွက် ဒေါ်လာ သန်း ၅၀၀ နားလည်မှုစာချွန်လွှာ ရေးထိုးပြီး ဖြစ်ကြောင်း အိန္ဒိယ သတင်းများတွင် ဖော်ပြ ထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။