အစိုးရနှင့် KNPP ဒု အကြိမ် ငြိမ်ချမ်းရေး ဆွေးနွေး
This article has been converted from Zawgyi One to Unicode
ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ(KNPP)နှင့် အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ တို့ ယမန်နေ့က ကယားပြည်နယ် လွိုင်ကော်မြို့တွင် ဒု အကြိမ် ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးသည်။ အပစ်အခတ် ရပ်စဲရေး၊ ရွှေ့ပြောင်းနေထိုင်သည့် ပြည်သူများ ပြန်လည် နေရာချထားရေး၊ တပ်ပိုင်းဆိုင်ရာများ၊ မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေး နှင် ဒေသ ဖွံ့ဖြိုးရေး ဆိုင်ရာများကို ဆွေးနွေးကြောင်း သိရသည်။ ဆွေးနွေးပွဲသို့ အစိုးရဘက်မှ ဝန်ကြီး ဦးအောင်မင်း၊ ကယားပြည်နယ် ဝန်ကြီးချုပ်၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒု ဗိုလ်ချုပ်ကြီး အောင် သန်းထွဋ်၊ KNPP ဘက်မှ ဒု ဥက္ကဌ ခူဦးရယ်၊ အတွင်းရေးမှူး ၂ ကိုရွှေမျိုးသန့် စသည့် ကိုယ်စားလှယ်များ တက်ရောက်ကြကြောင်း သိရသည်။