သတင်းတို

ထိုင်းရောက် မွတ်စလင် ၂၀၀၀ ကျော် မြန်မာနိုင်ငံသား ဟုတ်မဟုတ် စိစစ်မည်

This article has been converted from Zawgyi One to Unicode

ထိုင်းနိုင်ငံ၌ ဖမ်းဆီးခံထားရသည့် မွတ်စလင် ၂၀၀၀ ကျော်က မြန်မာနိုင်ငံမှ ဖြစ်ကြောင်း ပြောဆိုနေခြင်းကို မြန်မာနိုင်ငံသား ဟုတ် မဟုတ် အစိုးရတာဝန်ရှိသူများက စိစစ်မည်ဖြစ်ကြောင်း သိရသည်။ ထို မွတ်စလင်များသည် ယမန်နှစ်က ရခိုင်ပြည်နယ် ပဋိပက္ခအပြီး နောက်ပိုင်း ထိုင်းနိုင်ငံ သို့ လှေစီး၍ ရောက်ရှိ လာသူများ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသား ဟုတ်မဟုတ် စစ်ဆေးမည် ဆိုသည်ကို ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနသို့ မြန်မာသံရုံးက ယခု သတင်းပတ်အတွင်း အကြောင်းကြားထားကြောင်း ဘန်ကောက်မြို့ရှိ ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာ သံအမတ်ကြီး ကို ကိုးကား၍ ဘီဘီစီ သတင်း၌ ဖော်ပြထားသည်။

Loading