သတင်းတို
ကမ္ဘာ့ လူ့အခွင့်အရေး ကြေညာစာတမ်း ထုတ်ဝေ
This article has been converted from Zawgyi One to Unicode
ကမ္ဘာ့ လူ့အခွင့်အရေး ကြေညာစာတမ်း(Universal Declaration of Human Rights) ကို မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် မြန်မာ နိုင်ငံတွင်း ထုတ်ဝေ ဖြန့်ချိကြောင်း သတင်းရသည်။ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က ယင်းကြေညာ စာတမ်း ကို အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ထုတ်ဝေခြင်းဖြစ်ကြောင်း၊ စတင် ဖြန့်ချိသည့် မိတ်ဆက်ပွဲ အခမ်းအနား ကို ဇွန် ၁၈ ရက်က ရန်ကုန်မြို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်တွင် ကျင်းပကြောင်း သိရသည်။ ဦးသိန်းစိန် အစိုးရ မတိုင်မီ ယခင်က မြန်မာနိုင်ငံတွင်း၌ ထိုလူ့အခွင့်အရေး စာတမ်း ဖြန့်ဝေမှုဖြင့် ဖမ်းဆီး အရေးယူမှုများ ရှိခဲ့သည်။