သတင်းတို
ဘန်ကီမွန်း နှင့် ဦးရွှေမန်း တွေ့ဆုံ ဆွေးနွေး
This article has been converted from Zawgyi One to Unicode
အမေရိကန်နိုင်ငံ၌ ရောက်ရှိနေသော ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးရွှေမန်းသည် ကမ္ဘာ့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း နှင့် နယူးယောက်မြို့ ကုလသမဂ္ဂ အဆောက်အအုံ၌ တွေ့ဆုံသည်။ ဇွန်လ ၁၄ ရက်က တွေ့ဆုံရာတွင် ၂၀၁၅ မတိုင်မီ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး၊ လွှတ်တော်နှင့် ဥပဒေရေး ရာများ၊ သဘာဝဘေး အန္တရာယ် ဆိုင်ရာ အကူအညီ၊ ငြိမ်းချမ်းရေး ဆိုင်ရာများ၊ ရခိုင်နှင့် မိတ္ထီလာ ပဋိပက္ခ၊ အကျဉ်းသား လွှတ်ရေး စသည်တို့ကိုလည်း ဆွေးနွေးကြကြောင်း၊ ဘန်ကီမွန်း က မြန်မာနိုင်ငံ၏ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများနှင့် ဆောင်ရွက်ချက်များအပေါ် အားရသည်ဟု ပြောဆိုကြောင်း အစိုးရ သတင်း စာ များ၌ ဖော်ပြထားသည်။ ဦးရွှေမန်း နှင့် အဖွဲ့သည် အမေရိကန် နိုင်ငံ ခရီးစဉ်ကို ဇွန်လ ၉ ရက်နေ့က စတင်ခဲ့ခြင်း ဖြစ်သည်။