မြန်မာနိုင်ငံသို့ ရောက်ရှိလာသော ဗြိတိန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန ဝန်ကြီးသည် ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်သို့ သွားရောက်ခဲ့ သည့် ၎င်း၏ ခရီးစဉ်နှင့်ပတ်သက်ပြီး ယမန်နေ့က သတင်းစာ ရှင်းလင်းပွဲ ကျင်းပကြောင်း သိရ သည်။ ဗြိတိန် ဝန်ကြီးသည် ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ် အတွက် အပါအဝင် မြန်မာနိုင်ငံ ပေးအပ်သည့် အကူအညီများနှင့် ပတ်သက်ပြီးရှင်းလင်းရာတွင် ဗြိတိန်နိုင်ငံက မြန်မာနိုင်ငံသို့ ထောက်ပံ့ပေးခဲ့သည်များမှာ ယခုအချိန်အထိ ဆိုလျှင် ပေါင်စတာလင် ၆ ဒသမ ၄ သန်းရှိပြီ ဖြစ်ကြောင်း၊ ကချင်ပြည်နယ်ရှိ ဒုက္ခသည်များအတွက် ပေါင်စတာလင် ၁ ဒသမ ၅ သန်း ထပ်မံပေးအပ်မည် ဖြစ်ကြောင်း၊ ၂၀၁၁ မှ ၂၀၁၅ အတွင်း မြန်မာနိုင်ငံကို ပေါင်စတာလင် သန်း ၁၈၀ ကျော် ပေးအပ်ရန် ရှိသည်ဟု ရှင်းလင်းပြောဆိုကြောင်း မြန်မာ့အလင်း သတင်းစာ၌ ပါရှိသည်။ ဗြိတိန် ဝန်ကြီးသည် ဇွန်လ ၁၈ ရက်က ရခိုင်ပြည်နယ်သို့ သွားရောက်ခဲ့သည်။
ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေအိမ်အကျယ်ချုပ် စစ်ဆေးခံနေရ
စစ်ကောင်စီအဖွဲ့ဝင် ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကို အဂတိလိုက်စားမှုအတွက် နေအိမ်တွင် အကျယ်ချုပ်ဖမ်းဆီးထားသည်။