• English
Sunday, May 18, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

အစိုးရနှင့် KNPP ဒုတိယအကြိမ် ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှ သဘောတူညီချက် ၈ ချက်ရရှိ

by မေစစ်ပိုင်
21 June 2013
in သတင်း
A A
အစိုးရနှင့် KNPP ဒုတိယအကြိမ် ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှ သဘောတူညီချက် ၈ ချက်ရရှိ

KNPP နှင့် အစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်များ ကယားပြည်နယ် လွိုင်ကော်မြို့တွင် မတ်လ ၇ ရက်နေ့က ပထမအကြိမ် တွေ့ဆုံ လက်မှတ် ရေးထိုးစဉ် (ဓာတ်ပုံ - ကန္တာရဝတီတိုင်းမ်)

2.4k
VIEWS
Share on FacebookShare on Twitter

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) တို့၏ ဒုတိယအကြိမ် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် တပ်ပိုင်းဆိုင်ရာကိစ္စရပ် အပါအဝင် သဘောတူညီချက် ၈ ချက် ရရှိခဲ့ကြောင်း KNPP အတွင်းရေးမှူး ဦးရွှေမျိုးသန့်က ဧရာဝတီသို့ ပြောသည်။

အစိုးရဘက်မှ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် KNPP တို့၏ ဇွန် ၁၉ ရက်မှ ၂၀ ရက်အထိ လွိုင်ကော်မြို့ တပ်နယ် ခန်းမတွင် ကျင်းပပြုလုပ်သည့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် ကယားပြည်နယ်အတွင်း ရွာသစ် စီမံကိန်း အပါအဝင် ထပ်မံ အကောင်အထည်ဖော်မည့် အကြီးစားစီမံကိန်းများကို အများပြည်သူလူထုနှင့် လူမှုအသင်းအဖွဲ့ များအား လေ့လာခွင့်ပြုရန်၊ ရွှေ့ပြောင်း ဒုက္ခသည်များ ပြန်လည်နေရာချထားမည့် နေရာတွင် မြေမြှုပ်မိုင်းများ ရှင်းလင်းရန် ကိစ္စကို နှစ်ဘက်အဖွဲ့အစည်းများ ညှိနှိုင်း ဆောင်ရွက်ရန်၊ ရှားတောမြို့နယ် ဒေါတခဲဒေသတွင် စံပြစီမံကိန်း နမူနာတခုကို နှစ်ဘက် ညှိနှိုင်းဆောင်ရွက်ရန်၊ မူဝါဒ သဘောတူညီချက် များကို အလုပ်အဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ရန်၊ ပြည်နယ်ဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီခဲ့ကြကြောင်း သိရသည်။

RelatedPosts

နှစ် ၄၀ ကျော် မော်ကွီးလု စခန်းကို KNLA တရက်တည်းတိုက်ယူ (ရုပ်/သံ)

နှစ် ၄၀ ကျော် မော်ကွီးလု စခန်းကို KNLA တရက်တည်းတိုက်ယူ (ရုပ်/သံ)

17 May 2025
134
စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

17 May 2025
2.5k
အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

17 May 2025
488

“ပြည်တွင်းနေရပ်စွန့်ခွာ ရွှေ့ပြောင်း နေရသူတွေအတွက် မြေမြှုပ်မိုင်း ရှင်းလင်းရေးနဲ့ စံပြစီမံကိန်းတခုကို အစိုးရဘက်က ပုဂ္ဂိုလ်တွေနဲ့ KNPP အဖွဲ့ဝင်တွေ ပူးပေါင်း ကော်မတီဖွဲ့ပြီး မကြာခင် လုပ်ငန်းဆောင်ရွက်ဖို့ရှိတယ်” ဟု ဦးရွှွှေမျိုးသန့်က ပြောသည်။

အစိုးရဘက်က တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ကိစ္စနှင့် နိုင်ငံရေးဖြစ်စဉ်များ ဆွေးနွေးရာတွင် သဘောတူညီမှု ရှိစေချင် သော်လည်း KNPP အနေဖြင့် တပ်ပေါင်းစုများ အားလုံးပြန်လည် ညှိနှိုင်းရမည့် အခြေအနေဖြစ်နေသဖြင့် မူအားဖြင့်သာ သဘောတူထားသေးကြောင်း၊ တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များအတွက် အနုစိတ် ဆက်လက် ဆွေးနွေးရန် ရှိနေသကဲ့သို့ တပ်ပိုင်းကိစ္စရပ် များကိုလည်း သီးသန့်သဘောမျိုး ဆက်လက်ဆွေးနွေးနိုင်ဖွယ် ရှိကြောင်း ၎င်းက ရှင်းပြသည်။

“တပ်ပိုင်းဆိုင်ရာ ကိစ္စတွေက အရေးကြီးတော့ အသေးစိတ် ဆွေးနွေးမှုတွေကို ထုတ်ဖော်ပြောပြဖို့ မဖြစ်နိုင်ပါဘူး။ နှစ်ဘက် စောင့်ထိန်းရမယ့် အနေအထား ဖြစ်နေပါတယ်။ တပ်ပိုင်းဆိုင်ရာ ကိစ္စတွေနဲ့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးကိစ္စနဲ့ နိုင်ငံရေးကိစ္စကိုတော့ ကျနော်တို့တတွေ မူအားဖြင့်ပဲ သဘောတူထားတယ်။ အစိုးရနဲ့ နောက်ထပ် တွေ့ဆုံမှုတွေကတော့ ရှိဦးမှာပါ” ဟု ဦးရွှေမျိုးသန့်က ဧရာဝတီသို့ ပြောသည်။

အစိုးရဘက်မှ ငြိမ်းချမ်းရေး အကျိုးတော်ဆောင် ဦးလှမောင်ရွှေကမူ KNPP နှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ဒုတိယအကြိမ် ဖော်ဆောင်ခဲ့ရာတွင် ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်မှုအတွက် ပူးတွဲစောင့်ကြည့် ကြီးကြပ်ရေး ကော်မတီတရပ် ဖွဲ့စည်းနိုင်သည့် အတွက် ကောင်းသည့်အလားအလာ ဖြစ်ကြောင်း ဆိုသည်။

ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် KNPP တို့အကြား ပထမအကြိမ် ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲကို ၂၀၁၂ ခုနှစ် မတ်လ ၉ ရက်က အချက် ၁၄ ချက်ပါ သဘောတူညီချက်များကို လက်မှတ်ရေးထိုး နိုင်ခဲ့ပြီး တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များကို သဘောတူညီမှု မရခဲ့ဘဲ ဒုတိယအကြိမ် ဆွေးနွေးမှုတွင်လည်း မူအားဖြင့်သာ သဘောတူညီ ထားပေးပြီး ဆက်လက် ဆွေးနွေးမှုများ ပြုလုပ်မည်ဟု သိရသည်။

Your Thoughts …
Tags: KNPPPeace Talk
မေစစ်ပိုင်

မေစစ်ပိုင်

ဧရာဝတီ

Similar Picks:

သတိပြုစရာ သေးဆူလဲတိုက်ပွဲ

သတိပြုစရာ သေးဆူလဲတိုက်ပွဲ

by မိုးစက်ငြိမ်းချမ်း
16 September 2023
22.4k

သေးဆူလဲတိုက်ပွဲနှင့် ပတ်သက်၍ KNDF ၏ ထုတ်ပြန်ချက်တွင် မီဒီယာနှင့်ပတ်သက်၍ အထူးအလေးထား ဖော်ပြထားသည်ကို တွေ့ရ၏။

သံလွင်မြစ်ကို ကူးလာသည့် UWSA ဝ တပ်ဖွဲ့၏ ခြေလှမ်းများ အပိုင်း  ၃

သံလွင်မြစ်ကို ကူးလာသည့် UWSA ဝ တပ်ဖွဲ့၏ ခြေလှမ်းများ အပိုင်း ၃

by ကိုဦး
16 July 2024
13.7k

သံလွင်အနောက်ခြမ်းသို့ ဝင်ရောက်လာသော UWSA ၏ ပါးနပ်မှုမှာ သုံးကြိမ်လုံးတွင် မဟာမိတ်ဖြစ်သူ SSPP နှင့် ပူးပေါင်း၍ ဝင်ရောက်ခြင်း ဖြစ်သည်ကို တွေ့ရ၏။

အိမ်စောင့်အစိုးရ၊ ကြားဖြတ်အစိုးရ လုပ်တာမျိုး လက်မခံနိုင်ဘူး

အိမ်စောင့်အစိုးရ၊ ကြားဖြတ်အစိုးရ လုပ်တာမျိုး လက်မခံနိုင်ဘူး

by စောရယ်
1 February 2024
6.6k

ကျနော်တို့နဲ့ ဘဝတူတော်လှန်ရေး အဖွဲ့အစည်းအားလုံးနဲ့ ညှိနှိုင်းမှာ ဆွေးနွေးမှာဖြစ်ပါတယ်။ ဘုံသဘော တူညီချက်ပေါ်လာအောင် အခုက ကျနော်တို့ သဘောထား ဒီလိုရှိပါတယ်ဆိုတာ ကနဦး ချပြတဲ့သဘောပါပဲ

၂၀၂၄ သည် စစ်ကောင်စီပြိုလဲမည့်နှစ်ဟု တိုင်းရင်းသားတော်လှန်ရေး ခေါင်းဆောင်များပြော

၂၀၂၄ သည် စစ်ကောင်စီပြိုလဲမည့်နှစ်ဟု တိုင်းရင်းသားတော်လှန်ရေး ခေါင်းဆောင်များပြော

by ဧရာဝတီ
4 January 2024
6k

နှစ်သစ်သို့ ရောက်လာသောအခါ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားဦးမည်ဟု ညီနောင်မဟာမိတ်အဖွဲ့က ပြောသည်။

မယ်စဲ့တွင် စစ်ကောင်စီတပ် ကင်းစင်သွားပြီ ဟု KNPP ဆို

မယ်စဲ့တွင် စစ်ကောင်စီတပ် ကင်းစင်သွားပြီ ဟု KNPP ဆို

by စောရယ်
24 November 2023
5.1k

မယ်စဲ့မြို့ အနောက်ဘက် ၆ မိုင်အကွာရှိ ပန်တိမ်းရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်သည် နိုဝင်ဘာ ၂၃ ရက်တွင် သံလွင် မြစ်အနောက်ဘက်ကမ်းရှိ ဖားဆောင်းမြို့သို့ တပ်ဆုတ်သွား

ကရင်နီညီညွတ်ရေးကို ချင်းတပ်ဖွဲ့တွေ အတုယူပါ

ကရင်နီညီညွတ်ရေးကို ချင်းတပ်ဖွဲ့တွေ အတုယူပါ

by ကိုဦး
10 July 2024
4.1k

ကရင်နီနှင့် ချင်းတို့ တူသည်က အမျိုးသားနိုင်ငံရေးသည် ၎င်းတို့၏ မျိုးနွယ်စု ကိုယ်ပိုင်လက္ခဏာနှင့်ပါ သက်ဆိုင်နေသည်။

Next Post
ရခိုင်ဒေသ ဒုက္ခသည်များ ပြန်လည် မထူထောင်နိုင်သေး

ရခိုင်ဒေသ ဒုက္ခသည်များ ပြန်လည် မထူထောင်နိုင်သေး

ကုသိုလ်တော် ကျောက်စာ ကမ္ဘာ့ ရှေးဟောင်း အမွေအနှစ် စာရင်းသွင်း

ကုသိုလ်တော် ကျောက်စာ ကမ္ဘာ့ ရှေးဟောင်း အမွေအနှစ် စာရင်းသွင်း

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

6 days ago
7.3k
မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

6 days ago
3.3k

Most Read

  • စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    shares
    Share 0 Tweet 0
  • ဖိလစ်ပိုင်ရွေးကောက်ပွဲက ဒူတာတေး နိုင်ငံရေးဆက်ရှင်သန်ရန် အခွင့်အလမ်းပေး

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • မြန်မာ့ငြိမ်းချမ်းရေးအတွက် တရုတ်နှင့် အနောက်တိုင်း အားထုတ်မှု ခြားနားချက်

    shares
    Share 0 Tweet 0
  • အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate