တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယမန်နေ့က ရုရှား နိုင်ငံသို့ ချစ်ကြည်ရေး ခရီးသွားရောက် ကြောင်း အစိုးရ သတင်းစာများတွင် ပါရှိသည်။ ရုရှား ကာကွယ်ရေး ဝန်ကြီး General Of The Army Sergey K. SHOIGU ၏ ဖိတ်ကြားချက်အရ သွားရောက်ခြင်း ဖြစ်ကြောင်း၊ ၎င်းနှင့်အတူ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးလည်း လိုက်ပါသွားကြောင်း၊ နှစ်နိုင်ငံတပ်မတော် နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုတိုးမြှင့်ရေး ဆွေးနွေးရန်၊ မြန်မာ့ တပ်မတော်မှ ပညာသင်များကို တွေ့ဆုံရန် ရှိကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။