ရန်ကုန် ဆိပ်ကမ်းကို ဆိပ်ခံ တံတားသစ်များ တိုးချဲ့၍ နိုင်ငံတကာ အဆင့်မီ အဆင့်မြှင့်တင်မှုများ ပြုလုပ်မည် ဖြစ်ကြောင်း သိရ သည်။ လက်ရှိတွင် ဗိုလ်တထောင်၊ ထီးတန်း၊ အလုံ၊ ဆူးလေ၊ ဗိုလ်အောင်ကျော်၊ သာကေတ စသည့် ဆိပ်ခံတံတားများ ရှိသော် လည်း နိုင်ငံတကာ ကုန်တင်သဘောၤများ ဝင်ထက်မှုများပြားလာသည့် အတွက် အဆင့်မြှင့်တင်မှု ပြုလုပ်ရခြင်း ဖြစ်ကြောင်း၊ ၂၀၁၂-၂၀၁၃ နှစ်က ကုန်သဘောၤ အစင်းရေ ၂၁၉၆ စင်း ဝင်ထွက်ခဲ့ပြီး လွန်ခဲ့သည့် ၁၀ နှစ်က အစင်း ၁၀၀၀ ခန့်သာ ရှိကြောင်း၊ ရန်ကုန်ဆိပ်ကမ်းသို့ ၁၆၇ မီတာ၊ ရေစူး ၉ မီတာ ရှိပြီး ကုန်တန်ချိန် ၁၅၀၀၀ တင်ဆောင်နိုင်သော သဘောၤကြီးများ ဝင်ထွက် ဆိုက်ကပ် နိုင်ကြောင်း၊ ရန်ကုန်ဆိပ်ကမ်းသည် မြန်မာနိုင်ငံ၏ အဓိက ဆိပ်ကမ်းဖြစ်ပြီး သွင်းကုန်ပို့ကုန် အားလုံး၏ ၉၀ ရာခိုင်နှုန်း ဝန်ဆောင်မှု ပေးနေကြောင်း အစိုးရ သတင်းစာများ၌ ဖော်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။