တိုင်းမ် မဂ္ဂဇင်း၌ ဖော်ပြထားသော The Face Of Buddhist Terror မျက်နှာဖုံး ဆောင်းပါးနှင့် ပတ်သက်ပြီး မြန်မာ အစိုးရက ကန့်ကွက်လိုက်သည်။ ၂၀၁၃ ခု ဇူလိုင်လ ၁ ရက်နေ့အတွက် ထုတ်ဝေသည့် တိုင်းမ် မဂ္ဂဇင်းပါ ယင်းဆောင်းပါးသည် ဆရာတော် ဦးဝီရသူကို အဓိက ဦးတည် ရေးသားထားသော်လည်း မြန်မာ နိုင်ငံသား အများစု ကိုးကွယ်သော ဗုဒ္ဓဘာသာအပေါ် အထင်အမြင် လွဲမှားစေပြီး လက်ရှိ ဆောင်ရွက်နေသည့် ဘာသာပေါင်းစုံတို့အကြား အပြန်လှန် ယုံကြည်မှု တည်ဆောက်နေခြင်းကိုလည်း ထိခိုက် စေနိုင်သောကြောင့် ကန့်ကွက်ရခြင်းဖြစ်ကြောင်း သမ္မတရုံး ဝက်ဘ်ဆိုက်တွင် ထုတ်ပြန်ထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။