သတင်းတို

ရေငုပ်သင်္ဘောအတတ် မြန်မာ့ရေတပ် ပါကစ္စတန်တွင် လေ့လာနေ

This article has been converted from Zawgyi One to Unicode

မြန်မာ့ရေတပ်မှ အရာရှိ ၂၀ ခန့် ရေငုပ်သင်္ဘောဆိုင်ရာ စစ်ဘက်လေ့ကျင်ရေးသင်တန်းကို ဧပြီ နှောင်းပိုင်း သို့မဟုတ် မေလဆန်းပိုင်းမှ စတင်၍ ပါကစ္စတန်နိုင်ငံ ကာရာချိမြို့တွင် သင်ကြားနေကြောင်း သံတမာန်ရပ်ကွက်ကို ကိုးကားပြီး စစ်ရေးဆိုင်ရာ သတင်းဌာန Jane’s Defence Weekly မှ ရေးသားဖော်ပြထားသည်။ သတင်းအရ မြန်မာအရာရှိများ ရေငုပ်သင်္ဘောဆိုင်ရာ အခြေခံပညာရပ်များကို သင်ကြားနေသည်မှာ ပါကစ္စတန်ရေတပ်၏ ရေငုပ်သင်္ဘောဆိုင်ရာ သင်တန်းကျောင်းဖြစ်ပြီး ပါကစ္စတန်ရေတပ်သည် ပြင်သစ်လုပ် ရေငုပ်သင်္ဘောများ ပိုင်ကြောင်း သိရသည်။

Loading