သတင်းတို

ထိုင်း-မြန်မာ နယ်စပ်ဂိတ်သစ်များ ထပ်မံ ဖွင့်လှစ်ရန်ရှိ

This article has been converted from Zawgyi One to Unicode

ထိုင်းနိုင်ငံက မြန်မာနိုင်ငံနှင့် ထိစပ်နေသော နယ်စပ်ဂိတ် ၆ ခု ထပ်မံ ဖွင့်လှစ်ရန် ရှိကြောင်း သတင်းရသည်။ ထို့အပြင် ကမ္ဘောဒီးယား နှင့် မလေးရှား နယ်စပ်တွင် ဂိတ် ၄ ခု စီ၊ လာအို နယ်စပ်၌ ဂိတ် ၁၁ ခု ဖွင့်လှစ်ရန်ရှိကြောင်း၊ ယခု တပတ် အစောပိုင်းက ထိုင်းဝန်ကြီးချုပ်က ခေါ်ယူသည့် ခရိုင် အုပ်ချုပ်ရေးမှူးများနှင့် အစည်းအဝေးတွင် နယ်စပ်ဂိတ် အသစ် ၂၈ ခု ဖွင့်လှစ်ရန် ဆွေးနွေးမှုများ ပြုလုပ်ကြောင်း ထိုင်း ဒု ဝန်ကြီးချုပ် နှင့် နိုင်ငံခြားရေး ဝန်ကြီး Surapong Tovichakchaikul က ယမန်နေ့က သတင်း ထောက် များကို ပြောဆိုကြောင်း Bernama သတင်းတွင် ဖော်ပြထားသည်။ ယင်း နယ်စပ်ဂိတ်များကို ကုန်သွယ်ရေး တိုးမြှင့်ရန် ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်ရန် စီစဉ်ခြင်း ဖြစ်ကြောင်း သိရသည်။

Loading