သတင်းတို

ဗီယက်နမ်-မြန်မာ ကုန်သွယ် ရင်းနှီးမြှုပ်နှံမှု ၂၀၁၅ ၌ ဒေါ်လာ သန်း ၅၀၀ ရည်မှန်း

This article has been converted from Zawgyi One to Unicode

ဗီယက်နမ်နှင့် မြန်မာနိုင်ငံ သည် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ငွေကြေး ပမာဏကို လာမည့် ၂၀၁၅ ခုနှစ်တွင် အမေရိကန် ဒေါ်လာ သန်း ၅၀၀ အထိ ရောက်ရှိရန် ရည်မှန်းထားကြောင်း သိရသည်။ ဗီယက်နမ် နိုင်ငံက မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများစွာ ပြုလုပ်ရန် စိတ်ဝင်စားနေသည်ဟုလည်း ဆိုသည်။ မွေးမြူရေး၊ ဆက်သွယ် ရေး၊ ခရီးသွား လုပ်ငန်း ၊ ဘဏ်လုပ်ငန်း နှင့် သယ်ယူပို့ဆောင်ရေး ကဏ္ဍများ၌ ရင်းနှီးမြှုပ်နှံရန် အစီအစဉ်များ ရှိနေကြောင်း၊ လက်ရှိတွင် ဗီယက်နမ် စီးပွားရေးလုပ်ငန်းရှင်များက ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ ဟိုတယ် လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုများ လုပ်ရန် ဆောင်ရွက်နေကြောင်း၊ သစ်တောရေးရာ ကဏ္ဍနှင့် လုံခြုံရေး ၊ ကာကွယ်ရေး ကဏ္ဍများတွင်လည်း ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း မြန်မာ့အလင်း သတင်းစာ၌ ပါရှိသည်။

Loading