ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းတိုင်း ဘန်တရိုဘန်မြို့နယ် ဆင်းအိုးကျေးရွာအနီး၌ မြန်မာနိုင်ငံမှ ဘင်္ဂါလီ(မွတ်စလင်) ဓားပြ ၃ ဦး ကို ယမန်နေ့ က ဖမ်းဆီးရမိကြောင်း ဘန်တရိုဘန် ရဲစခန်းမှ တာဝန်ကျ အရာရှိတဦးက ပြောသည်။ ဆင်အိုးကျေးရွာကို ဓားပြ တိုက်ရန် လာသော ဓားပြ ၁၃ ဦးခန့်ကို ကြိုတင်သတင်းရသည့် ရဲအဖွဲ့က အရပ်သားတချို့နှင့် ဝိုင်းဝန်းဖမ်းဆီးရာ အာဘဒူလ် ဂေါ်နီ၊ မိုဟာမက် ရိုဖစ်၊ မိုဟာမက် ရှကီးတို့ ၃ ဦးဖမ်းဆီးရမိပြီး ၎င်းတို့သည် ဘူးသီးတောင်မှ ဖြစ်ကြောင်း ရဲစခန်းတွင် ထွက်ဆိုထား သည်။ ၎င်းတို့ ဓားပြအဖွဲ့တွင် ၁၅ ဦးခန့်ပါဝင်ကြောင်း၊ ဘန်တရိုဘန်နှင့် ရန်ဂါမာတီမြို့နယ် နယ်စပ်တလျှောက်ရှိ ကျေးရွာများကို ဧပြီလ ခန့်ကစပြီး ဓားပြတိုက်၊ အဓမ္မပြုကျင့်မှုများ ပြုလုပ်နေကြောင်း ဆင်အိုးကျေးရွာ ဥက္ကဌ ဦးကျော်သိန်းရွှေ က ပြောသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။