သတင်း

ကျိုင်းတုံထောင်၌ အကျဉ်းသား ညှဉ်းပန်းမှု ဖြစ်ပွား

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံထောင်၌ အကျဉ်းသား ၆ ဦး ကို ထောင်အာဏာပိုင်များက တိုက်ပိတ်ညှဉ်းပန်းသည့် အတွက် အကျဉ်းသားတဦး ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်မှု ယခုလအတွင်း ဖြစ်ပွားကြောင်း သတင်းရသည်။

မူးယစ်ရာဇာ နော်ခမ်း၏ အမှုတွဲဖြစ်သည့် စိုင်းအောင်မြတ် အပါအဝင် နိုင်ဝင်းအောင်(ခ) ရန်ပြို၊ လှိုင်ဝင်း(၁)၊ လှိုင်ဝင်း(၂)၊ ကျော် ဝင်း၊ ခမ်းလ တို့ကို ပြင်ပနှင့် ဆက်သွယ်သည့် လက်ကိုင်ဖုန်းများရှိသည်ဟု ပြီးခဲ့သည့် ဇွန်လ ၁၅ ရက်နေ့က စွပ်စွဲကာ အကျဉ်း ထောင် အာဏာပိုင်များက တိုက်ပိတ် ရိုက်နှက်မှု ပြုလုပ်ခဲ့သည်ဟု သိရသည်။

ထိုသို့ပြုလုပ်သည့်အတွက် အကျဉ်းသား ကျော်ဝင်းမှာ ကြိုးဆွဲချ သေကြောင်းကြံစည်ခဲ့ခြင်း ဖြစ်ကြောင်း မကြာသေးခင်က လွတ်မြောက်လာသည့် အကျဉ်းသားတဦးက ဧရာဝတီကို ပြောပြသည်။

“ဖုန်းရှိတယ်ဆိုပြီး သီးခြားဝန်းကို ခေါ် ဝါဒတွေ၊ ဘာယာတွေက လက်တွေကို တယောက်တဘက်ကိုင်၊ ခြေထောက်မှာ ဒေါက် ထည့်၊ ခေါင်းကို အိတ်စွပ်ပြီး ရိုက်တာ၊ ရိုက်လွန်းတော့ ၁၅ ရက်နေ့မနက်မှာ မခံနိုင်ဖြစ်ပြီး တိုက်ထဲမှာ အကျႌနဲ့ ကြိုးဆွဲချ သေကြောင်းကြံတာ”ဟု ၎င်းက ဆိုသည်။

သို့သော် အာဏာပိုင်များ အချိန်မီ ရောက်ရှိလာသည့်အတွက် သေဆုံးခြင်းမရှိကြောင်း သိရသည်။

ကျိုင်းတုံထောင်သည် နိုင်ငံရေးအကျဉ်းသားဟောင်းဖြစ်သည့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် ကို အကျဉ်းချထားခဲ့သည့် ထောင်ဖြစ်သည်။

ထောင်အာဏာပိုင်များ အနေဖြင့် လက်ကိုင်ဖုန်း၊ ဆေးလိပ် စသည့် ပစ္စည်းများရှိသည်ဟု စွပ်စွဲကာ ရာဇဝတ် အကျဉ်းသားများကို ထောင်မှူးကိုယ်တိုင် ပြင်းထန်စွာ ရိုက်နှက်လေ့ရှိကြောင်း၊ လိုင်းကြေးငွေ(လာဘ်ပေးရသည့် ငွေ) အဖြစ် ကျပ် ၅ သောင်း ပေးမှသာ ရိုက်နှက်ခြင်းမှ သက်သာခွင့်ပြုကြောင်း အထက်ပါ အကျဉ်းသား က ဆက်ပြောသည်။

ကျိုင်းတုံထောင်တွင် တာဝန်ထမ်းဆောင်ဖူးသည့် ဝန်ထမ်းတဦးကလည်း“အရင်ကတော့ သိပ်ပြီးရိုက်တာ နှက်တာမလုပ်ဘူး၊ နိုင်ငံ ရေး အကျဉ်းသားတွေ မရှိတဲ့ နောက်ပိုင်း ပိုလုပ်လာတယ်”ဟု ပြောဆိုသည်။

မကြာသေးခင်က နိုင်ငံတကာ ကြက်ခြေနီအသင်း(ICRC) လာရောက်ခဲ့သော်လည်း ပွင့်ပွင့်လင်းလင်းပြောဆိိုရန် အခွင့်မသာ ကြောင်း၊ ထောင်အာဏာပိုင်များ သိရှိကာ နှိပ်စက်ညှဉ်းပန်းခံရမည်ကို စိုးရိမ်သဖြင့် တိုင်ကြားမှု မပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျိုင်းတုံထောင်တွင် အခါ၊ ဝ၊ လားဟူ၊ ရှမ်း စသည့် တိုင်းရင်းသားမှာ အများစုဖြစ်ပြီး မြန်မာစကားလည်း ရေလည်စွာ မပြောတတ် သည့်အတွက် ထောင်အာဏာပိုင်များနှင့် ပြောဆိုရာတွင် အခက်အခဲရှိသည်ဟု ဆိုသည်။

ရာဇဝတ်အကျဉ်းသား အများစုမှာ မူးယစ်ဆေးဝါး အမှုများဖြစ်ပြီး မတရားအသင်း အဖွဲ့ ဆက်သွယ်မှု (ပုဒ်မ ၁၇/၁) ဖြင့် ဖမ်းဆီး ခံရသည့် အကျဉ်းသားများလည်း ၁၀ ဦးခန့် ရှိနေသေးကြောင်း သိရသည်။

ထိုဖြစ်စဉ်များနှင့် ပတ်သက်၍ ဧရာဝတီက ကျိုင်းတုံထောင်သို့ ဆက်သွယ်မေးမြန်းရာ ထောင်မှူး ဦးစိုးမိုးအောင်က ၎င်းတို့ အနေဖြင့် ထောင်သားများကို ရိုက်နှက်ခြင်း မရှိကြောင်း၊ ကောင်းမွန်စွာ ဆက်ဆံကြောင်း၊ ထို့အတွက် နှိပ်စက်ညှဉ်းပန်းမှုကို မခံနိုင်၍ သေ ကြောင်းကြံစည်မှုလည်း မဖြစ်ပွားခဲ့ကြောင်း ပြောသည်။

“ရိုက်နှက် ညှဉ်းပန်းမှုလည်း မရှိဘူး၊ အကျွေးအမွေးကအစ အကုန်ကောင်းတယ်၊ ICRC အဖွဲ့လည်း လာသွားတယ်၊ ကျနော်တို့ကို ဘာမှ အကြံပြုတာတောင် မရှိပါဘူး”ဟု ၎င်းက ပြောဆိုသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading