အစိုးရက ပုဂ္ဂလိက နေ့စဉ်ထုတ် သတင်းစာ ၅ စောင် ထပ်မံ ထုတ်ဝေခွင့် ပြုလိုက်သည်။ Peopele Net Daily ၊ မြန်မာ့သဝဏ် နေ့စဉ်(The Myanma Thawon Daily)၊ မြန်မာဝတီ နေ့စဉ် သတင်းစာ(The Myanmarwady Daily)၊ မြန်မာ နေ့စဉ်(The Myanmar Daily)၊ Victory နေ့စဉ် သတင်းစာတို့ကို ပြန်ကြားရေးဝန်ကြီး ဌာန က ထုတ်ဝေခွင့်ပြုလိုက်ကြောင်း ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာ၌ ဖော်ပြထားသည်။ ယခင် ထုတ်ဝေခွင့်ပြုထားသည့် ပုဂ္ဂလိက နေ့စဉ်ထုတ်သတင်းစာ၂၆ စောင်ရှိရာ ယခု ၅ စောင်နှင့် ဆိုလျှင် ၃၁ စောင် ရှိပြီ ဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။