ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပါလီမန်တွင် မြန်မာဒုက္ခသည် ကိစ္စ ဖြေရှင်းရေး အတွက် ဆပ်ကော်မီတီအဖွဲ့ကို နိုင်ငံခြားရေးရာ ကော်မီတီ အောက်တွင် ဇွန်လ ၂၃ ရက်နေ့က ဖွဲ့စည်းလိုက်သည်။ ယင်းကော်မီတီတာဝန်ခံ အဖြစ် လွတ်တော်အမတ် ဆိုက်ဖူဇာမန် ဆိုးတြိ က ဦးဆောင်ပြီး မကြာမီ ရက်ပိုင်းအတွင်း မြန်မာဒုက္ခသည်စခန်းများကို သွားရောက်လေ့လာသွားမည်ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်သတင်းစာများတွင် ဖော်ပြထားသည်။ ထို ကော်မီတီဖွဲ့စည်းရခြင်းမှာ မြန်မာဒုက္ခသည်များ မြန်မာဘက်သို့ ပြန်လည်ပို့ဆောင်နိုင် ရေးမှာ နှေးကွေးနေသည့် အတွက်ကြောင့် ဖြစ်ကြောင်း သိရသည်။ ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ်၌ UNHCR မှာ တရားဝင် အသိမှတ်ပြုထားသည့် ကူတူပါလန်နှင့် နော်ယာပါရာ ဒုက္ခသည် စခန်း ၂ ခု တွင် ဒုက္ခသည် ၄၀၀၀၀ နီးပါးရှိပြီး UNHCR မှ အသိမှတ်မပြုဘဲ နယ်မြေခံ အာဏာပိုင်များက နားလည်းမှုဖြင့် နေထိုင်ခွင့်ပြုထား သည်။ လေဒါနှင့် ကူတူပါလန် ဒုက္ခသည် စခန်း ၂ ခုတွင် မြန်မာနိုင်ငံမှ ဘင်္ဂါလီ(မွတ်စလင်) ဒုက္ခသည် ၂၀၀၀၀၀ (နှစ်သိန်း) နီးပါး ရှိနေကြသည်။ မြန်မာနိုင်ငံအနေဖြင့် ဒုက္ခသည်များကို မြန်မာနိုင်ငံသား ဟုတ်မဟုတ် စစ်ဆေးပြီး ဟုတ်မှန်သည့် ဒုက္ခသည် များ ကိုသာ တရားဝင်ပြန်လည် လက်ခံလေ့ရှိကြောင်း မောင်တောမြို့မှ လဝက အရာရှိတဦးက ပြောသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။