East West Center သတင်းစာ ဆရာများ ဖလှယ်ရေး အဖွဲ့ မြန်မာနိုင်ငံသို့ လေ့လာရေး ခရီးစဉ် ရောက်ရှိလာကြောင်း သိရသည်။ ဇွန်၂၅ ရက်က ရောက်ရှိလာသော ၁၆ ဦးပါ ယင်းအဖွဲ့၏ နိုင်ငံတကာ အသိအမှတ်ပြု Jefferson Fellowships သတင်းစာ ပညာ ဖလှယ်ရေး အစီအစဉ် ၄၆ နှစ် သက်တမ်းအတွင်း ပထမဆုံးအကြိမ် ဖြစ်ကြောင်း၊ ၅ ရက်ကြာ ခရီးစဉ်အတွင်း စီးပွားရေးသမားများ၊ ပညာရှင်များ၊ လူမှုရေး ခေါင်းဆောင်များ၊ သတင်းစာ ဆရာများနှင့် တာဝန်ရှိသူများကို တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရန်ရှိကြောင်း၊ ရန်ကုန်မီဒီယာ အသိုင်းအဝိုင်းနှင့်လည်း ဆွေးနွေးရန်ရှိပြီး သင်တန်းပို့ချရေးများကိုလည်း ဆောင်ရွက်မည်ဖြစ်ကြောင်း မြန်မာ့ အလင်း သတင်းစာ၌ ရေးသားထားသည်။ East West Center သည် အမေရိကန် နိုင်ငံနှင့် အာရှပစိဖိတ် ဒေသအကြား စုပေါင်း သင်ယူခြင်း၊ လေ့လာ သုတေသန ပြုခြင်း၊ အပြန်အလှန် ဆွေးနွေးဖလှယ်ခြင်း စသည့်အစီအစဉ်များ လုပ်ဆောင်နေသော အဖွဲ့အစည်း ဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။