အိန္ဒိယနိုင်ငံ၏ အကြီးဆုံး ဆေးဝါး ကုမ္ပဏီ Sun Pharmar Industries Ltd သည် မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ရန် စီစဉ်နေကြောင်း သိရသည်။ ယင်း အစီအစဉ်အတွက် ဇွန် ၂၅ ရက် က Sun Pharmar Industries Ltd အထွေထွေ မန်နေဂျာ Mr. S.K.Roy သည် အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦး ဦးဆောင်သည့် အဖွဲ့နှင့် လာရောက် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း၊ ရင်းနှီး မြှုပ်နှံရန် လိုအပ်သည့် အစီအစဉ်၊ ဥပဒေ၊ နည်းဥပဒေ နှင့် လုပ်ငန်းစဉ်များကို လာရောက်ဆွေးနွေးခြင်းဖြစ်ကြောင်း Eleven Media Groupအင်တာနက် စာမျက်၌ ဖော်ပြ ထားသည်။ Sun Pharmar Industries Ltd သည် ကုမ္ပဏီသည် ဆေးဝါးအမျိုးအစားပေါင်း ၅၀၀ ကို ထုတ်လုပ်လျက် ရှိကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။