သတင်းတို

ကျောက်မျက် အချောထည်များ သတ္တုတွင်းဝန်ကြီးဌာန အစီစဉ်ဖြင့်သာ ပြည်ပရောင်းချနိုင်

This article has been converted from Zawgyi One to Unicode

မြန်မာနိုင်ငံမှ ကျောက်မျက် ရတနာ အချောထည်များကို ပြည်ပသို့ရောင်းချရာ၌ သတ္တုတွင်း ဝန်ကြီးဌာန၏ အစီအစဉ်ဖြင့် ရောင်းချခြင်းမှ လွဲ၍ တခြားနည်းလမ်းဖြင့် တင်ပို့ရောင်းချခြင်းကို ခွင့်မပြုကြောင်း သိရသည်။ ယမန်နေ့က ကျင်းပသည့် အမျိုးသား လွှတ်တော် တွင် ရန်ကုန်တိုင်း ဒေသကြီး မဲဆန္ဒနယ် အမှတ် ၈ မှ ဒေါက်တာမြင့်ကြည် မေးမြန်းချက်ကို သတ္တုတွင်း ဝန်ကြီးဌာနမှ ဒု ဝန်ကြီး ဦးသန်းထွန်းအောင်က ထိုသို့ ပြန်လည် ဖြေကြားသွားခြင်း ဖြစ်ကြောင်း အစိုးရ သတင်းစာများတွင် ပါရှိသည်။

Loading