သတင်းတို

သံတွဲမြို့၌ ပုဒ်မ ၁၄၄ အမိန့် ထုတ်

This article has been converted from Zawgyi One to Unicode

ရခိုင်ပြည်နယ် သံတွဲမြို့တွင် အမျိုးသမီးတဦး အစော်ကားခံရသည်ဟူသော ဖြစ်ရပ်နှင့် ပတ်သက်ပြီး ယနေ့နံက်ပိုင်းက အမျိုးသား တဦးကို စွပ်စွဲ ဖမ်းဆီးထားပြီး ဒေသတွင်း အမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားကြောင်း သတင်းရသည်။ ယမန်နေ့က ဒေသခံ အမျိုးသမီး တဦးကို မွတ်စလင် အမျိုးသား ၂ဦးက အဓမ္မပြုကျင့်သည် ဟူသော သတင်းထွက်လာပြီးနောက် ရဲ စခန်းကိုတိုင်ကြားမှု ဖြစ်ပေါ်ခဲ့ကြောင်း၊ ထို့နောက်ပိုင်း၌ ရုန်းရင်း ဆန်ခတ်မှု ဖြစ်ပွားခဲ့ရာ လူနေအိမ် ၂ လုံး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ၎င်း အမျိုးသမီးသည် ဇွန် ၂၉ ရက်က တောင်ကုတ်မြို့မှ သံတွဲသို့ အဝေးပြေးကားဖြင့် ရောက်လာခြင်းဖြစ်ပြီး ဆိုင်ကယ် ကယ်ရီဖြင့် လိုက်သွားကြောင်း၊ ဇွန် ၃၀ ရက်နေ့လယ်ပိုင်း၌ ယင်း အမျိုးသမီး က ငိုကြွေးပြီး ၎င်းကို ဆိုင်ကယ်သမားများက စော်ကားသည်ဟု ပြောဆိုသောကြောင့် ညနေ ၄ နာရီ ခန့်၌ ရဲစခန်းသို့ တိုင်ကြားခဲ့ရာ လူ ၅၀ ခန့် ရဲစခန်းရှေ့လာရောက်စုဝေးမှု ဖြစ်ပွားခဲ့ကြောင်း သတင်းများတွင် ဖော်ပြထားသည်။ ယနေ့တွင် တည်ငြိမ်မှု ရှိနေကြောင်း သိရသည်။

Loading