ရန်ကုန်မြို့တွင် တိုင်းမ် မဂ္ဂဇင်း ကို သံဃာနှင့် လူ ၁၀၀၀ ကျော် ယမန်နေ့က ကန့်ကွက် ဆန္ဒပြကြောင်း သိရသည်။ မန္တလေးမြို့ မစိုးရိမ် တိုက်သစ်က နာယက ဆရာတော် ဦးဝီရသူကို ဇူလိုင် ၁ ရက်ထုတ် တိုင်းမ် မဂ္ဂဇင်းက The Face of Buddhist Terror ဟူ၍ ရေးသား ဖော်ပြသည့်အတွက် ဆန္ဒပြရခြင်း ဖြစ်သည်ဟု ဘီဘီစီ သတင်း၌ ပါရှိသည်။ သာသနာရေး ဝန်ကြီးဌာနကလည်း ယင်း ဆောင်းပါးရေးသားသူနှင့် တိုင်းမ် မဂ္ဂဇင်းကို ကန့်ကွက်ကြောင်း ဇွန် ၂၉ ရက်က သဘောထားကြေညာချက် ထုတ်ပြန်ထား သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။