သမ္မတ ဦးသိန်းစိန်က တိုင်းမ် မဂ္ဂဇင်းအနေဖြင့် မြန်မာနိုင်ငံ၌ ဖြစ်ပွားနေသောပဋိပက္ခများ ငြိမ်းအေးစေသော ရည်ရွယ်ချက်များ ဖြစ် စေရန် အာရုံစိုက်သင့်ကြောင်း ပြောဆိုလိုက်သည်။ ဇူလိုင် ၁ ရက်နေ့ထုတ် တိုင်းမ် မဂ္ဂဇင်း မျက်နှာဖုံးဆောင်းပါးသည် မြန်မာနိုင်ငံ ၏ လူအများစု ကိုးကွယ်ယုံကြည်သည့် ဗုဒ္ဓဘာသာ အပေါ် ကမ္ဘာက အထင်အမြင်လွဲမှားစေပြီး မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာဝင် အများစု၏ ဘာသာရေးယုံကြည်မှုနှင့် အနှစ်သာရများကို ထင်ဟပ်ခြင်းမရှိသည့် ပုဂ္ဂိုလ်အနည်းစု၏ လုပ်ဆောင်မှုများကို ဇောင်းပေး ဖော်ပြခြင်း ဖြစ်ကြောင်းလည်း သမ္မတ ဦးသိန်းစိန် က ယမန်နေ့ က ရေဒီယို မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားသွားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။