မော်တော်ယာဉ် နံပါတ်ပြားများ ပေါ်တွင် ဒေသသင်္ကေတ စတစ်ကာကပ်ခြင်းများအား ၂ဝ၁၃ ခုနှစ် ဇူလိုင်လ ၈ ရက်မှ စ၍ တိုင်းဒေသကြီး၊ ပြည်နယ်များအလိုက် အင်္ဂလိပ်အက္ခရာ အတိုကောက် စတစ်ကာ(Sticker)များ ကပ်ပေးသွားမည် ဖြစ်ကြောင်း ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာ၌ ဖော်ပြထားသည်။ ကချင်ပြည်နယ်(KCN)၊ ကယားပြည် နယ်(KYH)၊ ကရင်ပြည်နယ် (KYN)၊ ချင်းပြည်နယ်(CHN)၊ စစ်ကိုင်းတိုင်းဒေသကြီး(SGG)၊ တနင်္သာရီ တိုင်းဒေသကြီး(TNI)၊ ပဲခူးတိုင်း ဒေသကြီး(BGO)၊ မကွေးတိုင်းဒေသကြီး(MGY)၊ မန္တလေးတိုင်းဒေသကြီး(MDY)၊ မွန်ပြည်နယ်(MON)၊ ရခိုင်ပြည်နယ်(RKE)၊ ရန်ကုန်တိုင်းဒေသကြီး(YGN)၊ ရှမ်းပြည်နယ်(SHN)၊ ဧရာဝတီတိုင်း ဒေသကြီး(AYY)ဟူ၍ သတ်မှတ်ထားကြောင်း၊ မူသေအမှတ် ၄စ/၈ဝဝဝ မှစ၍ အင်္ဂလိပ် နံပါတ် များ အဖြစ်(4F-8000 စသည်ဖြင့်)၊ အငှားယာဉ်(CC-၂၅ဝဝ) မှစတင်၍ ဒေသသင်္ကေတများ ရိုက်နှိပ်ဆောင်ရွက်ပေးသွားမည် ဖြစ် ကြောင်း၊ ကားများ သက်တမ်းတိုးချိန်နှင့် သတ်မှတ်ချိန်များတွင် ရုံးများအလိုက် အင်္ဂလိပ်အက္ခရာဂဏန်းပါ မူသေအမှတ်များ ပြောင်းလဲထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။