ဒု သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း တက်ရောက်သည့် လာဘ်ပေးလာဘ်ယူမှု အရေးယူဆောင်ရွက်ရေး ကော်မတီ ဒု အကြိမ် အစည်းအဝေးကို ယမန်နေ့က နေပြည်တော်တွင် ကျင်းပသည်။ ယင်း အစည်းအဝေးတွင် ဒေါက်တာ စိုင်းမောက်ခမ်းက အဂတိ တရားများ ကင်းရှင်းရေးနှင့် လာဘ်ပေးလာဘ်ယူမှုများ ပပျောက်ရေးအတွက် ဆွေးနွေးကြောင်း၊ ဒေသတွင်း နိုင်ငံများ၊ အာဆီယံနိုင်ငံများနှင့် Transparency International ကဲ့သို့သော နိုင်ငံတကာအဖွဲ့အစည်းများနှင့် လက်တွဲဆောင်ရွက်မည် ဖြစ်ကြောင်း ပြောဆို ဆွေးနွေးသွားကြောင်း အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။