မဲခေါင် မြစ်ကြောင်း အတွင်း မူးယစ်ဆေးဝါး တန်ချိန် ၉.၇၈ တန် နှင့် မူးယစ်ဆေးဝါး ထုတ်လုပ် ရောင်းဝယ် ဖောက်ကားမှုနှင့် ပတ်သက်သည်ဟု ယူဆရသည့် လူပေါင်း ၂၅၃၄ ဦးကို ဖမ်းဆီး ရမိကြောင်း သိရသည်။ ဧပြီ ၂၀ ရက်မှ ဇွန် ၂၀ ရက်အထိ တရုတ်၊ မြန်မာ၊ လာအို ၊ ထိုင်း ၄ နိုင်ငံ ရဲတပ်ဖွဲ့ ပူးပေါင်းဆောင်ရွက်သည့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး စီမံချက် ၂ လကြာကာလအတွင်း ဖမ်းဆီးမိခြင်း ဖြစ်ကြောင်း၊ သေနတ် ၃၈ လက်၊ ကျည်ဆန် ၁၁၂၅ တောင့်၊ အမေရိကန် ဒေါ်လာ ၃.၆ သန်း ၊ မူးယစ်ဆေးဝါး ထုတ်လုပ်ရာတွင် အသုံးပြုသော ဓာတု ပစ္စည်း တန် ၂၆၀ တို့ကိုလည်း သိမ်းဆည်း ရမိကြောင်း ဆင်ဟွာ သတင်းတွင် ဖော်ပြ ထား သည်။ မဲခေါင် မြစ်သည် တရုတ်၊ မြန်မာ၊ လာအို၊ ထိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် နိုင်ငံများ ကုန်စည်ကူးသန်း ရောင်းဝယ်ရာတွင် အသုံးပြုသည့် အဓိက မြစ်ကြောင်း ဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။