နယူးဇီလန် နိုင်ငံခြားရေး ဝန်ကြီး ရခိုင်အရေး ကူညီမည်
This article has been converted from Zawgyi One to Unicode
နယူးဇီလန် နိုင်ငံခြားရေး ဝန်ကြီး Murray McCully သည် ရခိုင်ပြည်နယ်တွင် အရေးနှင့် ပတ်သက်ပြီး လိုအပ်သည့် အကူအညီများ ပေးရေးအတွက် ဆွေးနွေးရန် မနက်ဖြန်တွင် မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်ကြောင်း သိရသည်။ နယူးဇီလန်နိုင်ငံ အနေနှင့် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများကို အသိအမှတ်ပြုကြောင်း၊ နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်ထူထောင်သွားမည် ဖြစ်ကြောင်း ၎င်းက ပြောသည်ဟု နယူးဇီလန် သတင်းများက ဆိုသည်။ Murray McCully သည် ဘရူနိုင်းနိုင်ငံတွင် ကျင်းပနေသည့် အရှေ့အာရှ နိုင်ငံခြားရေးဝန်ကြီးများ ထိပ်သီးတွေ့ဆုံ ဆွေးနွေးပွဲ (East Asia Summit Foreign Ministers’ Meeting) တက်ရောက်ရာမှ မြန်မာနိုင်ငံသို့ လာရောက်မည် ဖြစ်ကြောင်း၊ ၎င်း၏ ခရီးစဉ်အတွင်း သမ္မတ ဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်း၊ နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံမည် ဖြစ်ကြောင်း သိရသည်။