မလေးရှား နိုင်ငံမှ ပြန်လည် ရောက်ရှိလာသော မြန်မာ အလုပ်သမားများကို အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီး ဌာန က အလုပ်ခန့်ထားရေး ဆောင်ရွက်ပေးနေကြောင်း သိရသည်။ အလုပ်နေရာများသို့ အမြန်ဆုံး ဝင်ရောက်နိုင်ရေး အတွက် လာရောက် လျှောက်ထားသူ ၈၂ ဦးထဲမှ ၅၅ ဦးကို အလုပ်ခန့်ထားရေး ဆောင်ရွက်ပေးခဲ့ပြီးကြောင်း၊ လျှောက်ထားသည့် အလုပ် သမားများ အနေဖြင့် ပြည်တွင်း ကုမ္ပဏီများနှင့် စက်ရုံအလုပ်ရုံများမှ လူတွေ့ စစ်ဆေးပြီး အလုပ်ခန့်ထားနိုင်ရန် ရန်ကုန်မြို့ ရန် ကင်းမြို့နယ် ၁၃ ရပ်ကွက် မြနန္ဒာလမ်း အမှတ်၂၉၈ ရှိ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန လုပ်သားများ လုပ်ငန်းခွင် ကျွမ်းကျင်မှု လေ့ကျင့် ရေး သင်တန်းကျောင်း ဖုန်း ၀၁ – ၅၆၄ ၇၇၃ သို့ ဇူလိုင် ၃ ရက်နှင့် ၄ ရက်နေ့များ၌ လာရောက် ဆက်သွယ်ရမည် ဖြစ်ကြောင်း ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာ၌ ပါရှိသည်။ မလေးရှားနိုင်ငံ ဆာလာရမ်း နယ်မြေတွင် မေလကုန်ပိုင်းက မြန်မာ အလုပ်သမားများ တိုက်ခိုက်ခံရမှုမှ စတင်သည့် ပဋိပက္ခ ဖြစ်ပွားမှုကြောင့် အလုပ်သမားများစွာ မြန်မာနိုင်ငံသို့ ပြန်လာကြခြင်း ဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။