သတင်းတို

ထိုင်းဘုရင့် သမီးတော် မဟာချက်ကရီ သီရိဒုံ မြန်မာနိုင်ငံလာရောက်

This article has been converted from Zawgyi One to Unicode

ထိုင်းဘုရင့် သမီးတော် မဟာ ချက်ကရီသီရိဒုံသည် ထိုင်းဘုရင့်တပ်မတော် ဗိုလ်လောင်းများနှင့် အတူ ဒေသန္တရ ဗဟုသုတ ရရှိရေး ၁ ရက်တာ ခရီးစဉ်အဖြစ် ယမန်နေ့ နံနက် ၇ နာရီတွင် လေကြောင်း ခရီးဖြင့် ရန်ကုန်မြို့သို့ရောက်ရှိလာသည်။ ထိုင်းဘုရင့် သမီး တော်သည် ရန်ကုန်မြို့ရှိ အမျိုးသား ပြတိုက်၊ မူးယစ်ဆေးဝါး ပြတိုက်၊ နိုင်ငံခြားဘာသာ တက္ကသိုလ်၊ စာသင်ကျောင်း တချို့နှင့် ရွှေတိဂုံ ဘုရား သို့ သွားရောက်လေ့လာပြီး ညပိုင်း၌ ပြန်လည် ထွက်ခွာသွားကြောင်း ယနေ့ထုတ် သတင်းစာများတွင် ဖော်ပြ ထား သည်။

Loading