• English
Thursday, July 17, 2025
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ရွှေ သဘာဝ ဓာတ်ငွေ့ပိုက်လိုင်း စိတ်ချရသည့် အနေအထား မဖြစ်သေး

by ညိမ်းပြည့်စုံ
3 July 2013
in သတင်း
A A
ရွှေ သဘာဝ ဓာတ်ငွေ့ပိုက်လိုင်း စိတ်ချရသည့် အနေအထား မဖြစ်သေး

ပင်လယ်ပြင်ရှိ ကမ်းလွန် ရွှေ သဘာ၀ ဓာတ်ငွေ့ လုပ်ကွက်မှ ပိုက်လိုင်းဖြင့် ရောက်ရှိလာမည့် ဂက်စ်များကို ကျောက်ဖြူမြို့ ကျောက်တလုံး ကမ်းခြေမှတဆင့် မလကျွန်း ဂက်စ်သန့်စင် စက်ရုံရှိရာသို့ ဆက်လက် ပို့ဆောင်ရန် ပြင်ဆင်မှုများကို တွေ့ရစဉ် (ဓာတ်ပုံ – ကိုစိုး / ဧရာဝတီ)

3.1k
VIEWS
Share on FacebookShare on Twitter

ရခိုင်ပြည်နယ်မှ တရုတ်နိုင်ငံသို့ ဆက်သွယ်မည့် ရွှေ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်းကို အကောင်အထည် မဖော်နိုင် ခြင်းမှာ ဓာတ်ငွေ့ပိုက်လိုင်း ဆက်ထားသည့် နေရာများတွင် အပေါက်ငယ်များ ဖြစ်နေသည်ကို အချိန်မီ ပြန်ပြင်ဆင်နိုင်ခြင်းများ မရှိသောကြောင့် ဖြစ်သည်ဟု ရွှေသဘာဝဓါတ်ငွေ့လှုပ်ရှားမှုအဖွဲ့မှ ပြည်တွင်းတာဝန်ခံ ကိုတူးတူးထံမှ သိရသည်။

“ကျနော်တို့ အစကတော့ ဇွန်လထဲမှာ အကောင်အထည် ဖော်ဖို့ လုပ်ထားတာ။ လယ်သမား ပြဿနာတွေရော၊ ပိုက်လိုင်းမှာ အပေါက်တွေ တွေ့တာတွေရောကြောင့် ဇူလိုင်လ ထဲမှာတော့ အပြီးသတ် အကောင်အထည် ဖော်ဖို့ ဖြစ်သွားတယ်။ ဒီလထဲ မှာတော့ အကောင်အထည် ဖော်နိုင်လိမ့်မယ်လို့ ထင်ပါတယ်” ဟု ကိုတူးတူးက ဧရာဝတီသို့ ပြောသည်။

RelatedPosts

ဓါးပြတိုက်တဲ့ ပကဖ တွေကို အရေးယူမယ်လို့ ဝက်လက်ရဲတပ်ဖွဲ့ပြော (ရုပ်/သံ)

ဓါးပြတိုက်တဲ့ ပကဖ တွေကို အရေးယူမယ်လို့ ဝက်လက်ရဲတပ်ဖွဲ့ပြော (ရုပ်/သံ)

17 July 2025
3
ရခိုင်ကို ကုန်သွင်းခွင့်ပြုခဲ့တဲ့ စစ်အရာရှိတွေ သေဒဏ်နဲ့ တသက်တကျွန်း ချမှတ်ခံရ (ရုပ်/သံ)

ရခိုင်ကို ကုန်သွင်းခွင့်ပြုခဲ့တဲ့ စစ်အရာရှိတွေ သေဒဏ်နဲ့ တသက်တကျွန်း ချမှတ်ခံရ (ရုပ်/သံ)

17 July 2025
29
ရှေ့တန်းမှာ ပြည်သူ့စစ်မှုထမ်းတွေကြီးပဲ (ရုပ်/သံ)

ရှေ့တန်းမှာ ပြည်သူ့စစ်မှုထမ်းတွေကြီးပဲ (ရုပ်/သံ)

17 July 2025
18

လယ်မြေ ပြဿနာများမှာ မြန်မာ – တရုတ် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်း ပြုလုပ်မည့် နေရာများတွင် လယ်မြေများကို ၃ နှစ် စာချုပ်ဖြင့် ငှားထားခြင်း ဖြစ်ကာ ယခု ၃ နှစ် ကျော်သွားပြီဖြစ်ကြောင်း၊ ထိုသို့ ၃ နှစ် ကျော်သွားခြင်းကို ငှားရမ်းကြေး၊ လျော်ကြေးများ မပေးသောကြောင့် ကျောက်ဖြူမြို့နှင့် ရှမ်းပြည် မြောက်ဘက်ပိုင်း ဒေသများတွင် လယ်မြေ ပြဿနာများ ဖြစ်ကာ ကြံ့ကြာနေခြင်း ဖြစ်ကြောင်း ကျောက်ဖြူမြို့ လူမှုကွန်ရက်မှ ကိုထွန်းထွန်းနိုင်က ဆိုသည်။

ထို့အပြင် ယမန်နေ့က သတင်းစာများတွင် မြန်မာ – တရုတ် သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းမှ မဒေးကျွန်း ရေနက် ဆိပ်ကမ်းအနီး ပိုက်လိုင်းများတွင် ဓာတ်ငွေ့ ပို့လွှတ်စမ်းသပ်ရာတွင် ဓာတ်ငွေ့ယိုစိမ့်မှုများ ဖြစ်ခဲ့သည်ဟု ဖော်ပြခဲ့ခြင်းမှာ အမှန်မဟုတ်ကြောင်း ပြည်တွင်းတာဝန်ခံ ကိုတူးတူးက ဆိုသည်။

“ကျနော်တို့ အဲဒါကိုတော့ အတည်ပြုလို့ မရသေးဘူး။ တကယ်ဟုတ်၊ မဟုတ်ဆိုတာလည်း အခုအချိန်မှာ မသိသေးဘူး ပေါ့နော်။ တကယ်ဖြစ်တယ် ဆိုရင်တော့ ကျောက်ဖြူဒေသခံတွေ ဆီက ဟုတ်တယ်ဆိုတဲ့ အသံကို ကြားရမှာပေါ့။ အခုထိ ကျောက်ဖြူ ဒေသခံတွေဆီက ဘာမှမကြားဘူးလေ” ဟု ကိုတူးတူးက ဆက်လက်ပြောသည်။

ယမန်နေ့က ဓာတ်ငွေ့စမ်းသပ် ပို့လွှတ်ရာတွင် ယိုစိမ့်မှုများ ဖြစ်သည်မှာ မဟုတ်ကြောင်း၊ ပိုက်လိုင်းတလျှောက် ဓာတ်ငွေ့ ယိုစိမ့်မှုများ ရှိနေခြင်းမှာလည်း မဟုတ်ကြောင်း၊ မိမိတို့ ကုမ္ပဏီအနေဖြင့် ဓာတ်ငွေ့ တင်ပို့လွှတ်ရန် အဆင်သင့် ဖြစ်နေပြီ ဖြစ်ကြောင်း ပိုက်လိုင်းသွယ်တန်းသည့် ကုမ္ပဏီဖြစ်သော SEAPO/ SEAGP ကုမ္ပဏီမှ ပြည်သူ့ဆက်ဆံရေး တာဝန်ရှိသူတဦးက Daily Eleven တွင် ဖြေကြားထားသည်ကို တွေ့ရသည်။

၎င်းနှင့် ပတ်သက်၍ ကျောက်ဖြူဒေသခံများကို မေးကြည့်ရာ ယမန်နေ့က ပိုက်လိုင်းတွင် ဓာတ်ငွေ့ထုတ်လွှတ် စမ်းသပ် သည်မှာ မဟုတ်ကြောင်း၊ ထိုသို့သော သတင်းများသည် ကောလာဟလ များသာ ဖြစ်ကြောင်း၊ အမှန်တကယ် ပိုက်လိုင်း ပေါက်သည်ဆိုပါက မိမိတို့လည်း သိမည်ဖြစ်ကြောင်း ကျောက်ဖြူမြို့ လူမှုကွန်ရက်မှ ကိုထွန်းထွန်းနိုင်က ဆိုသည်။

“တခုရှိတာက ကျောက်ဖြူကို ဓာတ်ငွေ့တာဘိုင် တွေကနေတဆင့် လျှပ်စစ် ဓာတ်အားပေးဖို့ လုပ်ထားတာရှိတယ်။ ၄ လက်မ ပတ်လည် ပိုက်လိုင်းတွေနဲ့ပေါ့။ အဲဒီ ပိုက်လိုင်းတွေကနေ ဓာတ်ငွေ့လွှတ်ဖို့ကို တခါ စမ်းသပ်ဖူးတယ်၊ ရေလွှတ်ပြီးတော့။ အဲဒီတုန်းကတော့ ပိုက်လိုင်း ပေါက်တာ ကြုံရတယ်။ ဒါကလည်း လွန်ခဲ့တဲ့ ၁၀ ရက်လောက်က ကိစ္စပါ” ဟု မဒေးကျွန်းဒေသ ဖွံ့ဖြိုးရေး လူမှုကွန်ရက်မှ ကိုထွန်းကြည်က ဆိုသည်။

မြန်မာ – တရုတ် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းအား ဆက်ထားသည့် နေရာများ လေမလုံကြောင်းကို သက်ဆိုင်ရာ အဖွဲ့အစည်း များနှင့် ပိုက်လိုင်း သွယ်တန်းသည့် ကုမ္ပဏီဖြစ်သော SEAPO/ SEAGP ကုမ္ပဏီမှ တာဝန်ရှိသူများက ယခင် ကတည်းက ကြေညာထားခြင်း ဖြစ်သည်ဟု သိရသည်။

ဓာတ်ငွေ့ ပို့လွှတ်ရန် လာမည့် သြဂုတ်လတွင်မှ အကောင်အထည် ဖော်နိုင်မည်ဖြစ်သည်ဟု ခန့်မှန်းမိကြောင်း၊ ဓာတ်ငွေ့ ပိုက်လိုင်းသည် ရခိုင်ပြည်နယ်မှ တဆင့် မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ် တို့ကို ဖြတ်သန်း၍ တရုတ်နိုင်ငံ ယူနန် ပြည်နယ်၌ အဆုံးသတ်မည် ဖြစ်ကာ မြန်မာအစိုးရမှ တရုတ်အစိုးရသို့ အနှစ် ၃၀ ဓာတ်ငွေ့ ရောင်းချမှုအတွက် ခန့်မှန်းခြေ အမေရိကန် ဒေါ်လာ ၂၉ ဘီလီယံ ရရှိကြောင်း သိရသည်။

Your Thoughts …
Tags: Gas Pipelines
ညိမ်းပြည့်စုံ

ညိမ်းပြည့်စုံ

ဧရာဝတီ

Similar Picks:

ရွှေဂက်စ် ပိုက်လိုင်း စီမံကိန်း ရပ်ထားရေး ပြည်တွင်း ၁၂ ဖွဲ့ တောင်းဆို

ရွှေဂက်စ် ပိုက်လိုင်း စီမံကိန်း ရပ်ထားရေး ပြည်တွင်း ၁၂ ဖွဲ့ တောင်းဆို

by ခင်ဦးသာ
3 October 2012
3.3k

“ဒီစီမံကိန်းက ရတဲ့ငွေတွေကို ဘယ်မှာ ဘယ်လိုသုံးမယ် ဆိုတာလည်း ပြည်သူတွေ သိခွင့်မရဘူး၊ ဂက်စ်ပိုက်လိုင်းရဲ့ လုံခြုံရေးအတွက် ဘယ်လိုမျိုး စီမံဆောင်ရွက် ထားတာကိုလည်း ပြည်သူတွေကို ပြောဆိုတာ တခုမှ မရှိသေးဘူး”

တရုတ်ပိုက်လိုင်းများ အချိန်မီ မပြီး

တရုတ်ပိုက်လိုင်းများ အချိန်မီ မပြီး

by ကြယ်ပြာ
14 May 2013
3.9k

ယခုလ အကုန်တွင် ဓာတ်ငွေ့များ ပို့လွတ်နိုင်ရန် ဓာတ်ငွေ့သန့်စင် စက်ရုံ နှင့် ဓာတ်ငွေ့များ အဆင်သင့် ရှိနေပြီး ဖြစ်သော်လည်း တရုတ် ကုမ္ပဏီများဘက်မှ ပိုက်လိုင်းများ တပ်ဆင်၍ မပြီးဆုံးသေးကြောင်း မဒေးကျွန်းသို့ မကြာခင်က သွားခဲ့သော ဧရာဝတီက...

ဂက်စ်ပိုက်လိုင်း

တရုတ် ဂက်စ်ပိုက်လိုင်း နိုင်ငံရေးကြောင့်သာ ဖောက်လုပ်ခဲ့ပုံရ

by ဝီလျံဘွတ်
16 August 2014
4.6k

မြန်မာ-တရုတ် ဓာတ်ငွေ့ ပိုက်လိုင်းကို တရုတ် အစိုးရပိုင် China National Petroleum Coroporation က ဖောက်လုပ် ခဲ့ခြင်းမှာ လက်တွေ့ကျသော အကြောင်း ပြချက် များထက် ဘေဂျင်းမှ နိုင်ငံရေး ခေါင်းဆောင် ပိုင်းကို...

-ရွှေသဘာဝ ဓာတ်ငွေ့ပိုက် လိုင်း, ပုဏ္ဏားကျွန်း မဲဆန္ဒနယ်, စွမ်းအင် ဝန်ကြီးဌာန, ဦးထွန်းအောင်ကျော်, အမ်းမြို့နယ်, သျှမ်းသံတော်ဆင့်, ကျောက်ဖြူ လူမှုကွန်ရက်, ဂက်စ် ပိုက်လိုင်း စောင့်ကြည့် ရေးအဖွဲ့.

တရုတ် ရွှေဂက်စ် ပိုက်လိုင်း လုံခြုံရေး စိုးရိမ်စရာ မရှိဟု အစိုးရ ပြော

by ခင်ဦးသာ
28 January 2014
2.4k

“ပိုက်လိုင်း၏ အရှည်နှင့် ပို့လွှတ်မည့် ဓာတ်ငွေ့ ထုထည် ပမာဏ၏ ဖိအား အပေါ် မူတည်၍ နိုင်ငံတကာ စံနှုန်းနှင့် အညီ ဆောင်ရွက် ထားကြောင်း၊ အနက် ၆ ပေတွင် မြှုပ်နှံထားသည့် အတွက် လုံခြုံစိတ်ချ...

ဓာတ်ငွေ့စီမံကိန်း နစ်နာမှုများ အတွက် ရခိုင်ဒေသခံများ တောင်းဆိုမည်

ဓာတ်ငွေ့စီမံကိန်း နစ်နာမှုများ အတွက် ရခိုင်ဒေသခံများ တောင်းဆိုမည်

by ခင်ဦးသာ
24 July 2013
1.9k

ရခိုင်ပြည်နယ်အတွင်းရှိ ရွှေသဘာဝ ဓာတ်ငွေ့ပိုက်လိုင်း တလျှောက်မှ အဓမ္မ သိမ်းယူထားသော လယ်မြေများအနက် လျော်ကြေးမရသေးသည် များအား လျော်ကြေး အမြန်ပေးရန်နှင့် ၎င်းတို့၏ အထွေထွေနစ်နာမှုများ အမြန်ဆုံး ဆောင်ရွက်ပေးရန် ကျေးရွာ ၂၀ ကျော်မှ ရခိုင်ဒေသခံများ က...

ရွှေဂက်စ် ပိုက်လိုင်း ယိုစိမ့်မှုဖြစ်၍ ရခိုင် ဒေသခံများ စိုးရိမ်

ရွှေဂက်စ် ပိုက်လိုင်း ယိုစိမ့်မှုဖြစ်၍ ရခိုင် ဒေသခံများ စိုးရိမ်

by ခင်ဦးသာ
17 September 2013
1.9k

ရွှေသဘာဝ ဓာတ်ငွေ့ ပိုက်လိုင်းမှ ဓာတ်ငွေ့ယိုစိမ့်မှုတခုကို ပြီးခဲ့သည့် ရက်ပိုင်းက ဖြစ်ပွားခဲ့ခြင်းကြောင့် ထပ်မံပေါက်ကွဲမှု ဖြစ် လာမည်ကို ဒေသခံများက စိုးရိမ်နေကြောင်း သိရသည်။

Next Post
ရခိုင်ဒေသ ဒုက္ခသည်စခန်း လူဦးရေစာရင်း ကောက်ခံမှု အခက်အခဲရှိဆဲ

ရခိုင်ဒေသ ဒုက္ခသည်စခန်း လူဦးရေစာရင်း ကောက်ခံမှု အခက်အခဲရှိဆဲ

ထိုင်းနိုင်ငံမှ ကုန်းလမ်းဖြင့် ဝင်လာသည့် နိုင်ငံခြားသားများကို ၁၄ ရက်ဧည့်ဗီဇာပေးမည်

ထိုင်းနိုင်ငံမှ ကုန်းလမ်းဖြင့် ဝင်လာသည့် နိုင်ငံခြားသားများကို ၁၄ ရက်ဧည့်ဗီဇာပေးမည်

No Result
View All Result

Recommended

ရန်ကုန်မှာ ရွှေကို တန်းစီ တိုးဝယ်

ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

2 days ago
3.5k
ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

1 week ago
5.8k

Most Read

  • နတ်အိမ်တောင်နယ်စပ်တဝိုက် တိုက်ပွဲဖြစ်

    နတ်အိမ်တောင်နယ်စပ်တဝိုက် တိုက်ပွဲဖြစ်

    shares
    Share 0 Tweet 0
  • MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

    shares
    Share 0 Tweet 0
  • နောင်ချိုကို စစ်တပ် ပြန်ရ

    shares
    Share 0 Tweet 0
  • ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate