• English
Sunday, July 13, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Health

HIV ပိုးရှိသူများကို WHO လမ်းညွှန်ချက်အတိုင်း ဆေးပေးနိုင်ရန် ၃ နှစ်စောင့်ရဦးမည်

by မြတ်စုမွန်
3 July 2013
in Health
A A
HIV ပိုးရှိသူများကို WHO လမ်းညွှန်ချက်အတိုင်း ဆေးပေးနိုင်ရန် ၃ နှစ်စောင့်ရဦးမည်

WHO ရဲ့ နောက်ဆုံး လမ်းညွှန်ချက်အရ CD4 ၅၀၀ အောက် ရှိရင် ART ကုထုံးပေးမယ်လို့ သိရပါတယ် (ဓာတ်ပုံ - Reuters)

6.2k
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံတွင် ဆေးဝါးလိုအပ်လျက်ရှိသည့် HIV ပိုးရှိသူ ၁၂၀၀၀၀ ကျော် ရှိနေဆဲဖြစ်ပြီး ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO) က ယခုနှစ်တွင် အသစ်ထုတ်ပြန်လိုက်သည့် လမ်းညွှန်ချက်အတိုင်း လိုက်နာလုပ်ဆောင် နိုင်ရန် ၃ နှစ်ခန့် အချိန်ယူရဦးမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ HIV ပိုးရှိသူများနှင့် နေထိုင်သူများ အသင်း (Myanmar Positive Group – MPG) ၏ ဥက္ကဋ္ဌ ဦးမျိုးသန့်အောင်က ပြောသည်။

HIV ကူးစက်ခံထားရပြီး CD4 ကောင်ရေ ၅၀၀ အောက်သို့ ကျဆင်းနေသူတိုင်းကို ART (Antiretroviral Therapy) ကုထုံးဖြင့် ဆေးဝါးကုသမှုပေးရန် WHO က ဇွန်လ ၃၀ ရက်နေ့တွင် ၂၀၁၃ ခုနှစ် လမ်းညွှန်ချက်အဖြစ် ထုတ်ပြန်လိုက်သည်။

RelatedPosts

သက်ရှိစည်းရိုးလို့ ဝါဒဖြန့်ခဲ့တဲ့ ဥကရစ်ထစခန်းကျသွားပြီ (ရုပ်/သံ)

သက်ရှိစည်းရိုးလို့ ဝါဒဖြန့်ခဲ့တဲ့ ဥကရစ်ထစခန်းကျသွားပြီ (ရုပ်/သံ)

13 July 2025
64
ဆရာမောင်သာချို ဈာပနမြင်ကွင်း (ရုပ်/သံ)

ဆရာမောင်သာချို ဈာပနမြင်ကွင်း (ရုပ်/သံ)

13 July 2025
55
NVIDIA က ကမ္ဘာ့ပထမဆုံး ဒေါ်လာ ၄ ထရီလျံ တန်ကြေးရှိ နည်းပညာ ကုမ္ပဏီ ဖြစ်လာ

NVIDIA က ကမ္ဘာ့ပထမဆုံး ဒေါ်လာ ၄ ထရီလျံ တန်ကြေးရှိ နည်းပညာ ကုမ္ပဏီ ဖြစ်လာ

13 July 2025
214

မူလ ၂၀၁၀ ထုတ်ပြန်ချက် အရဆိုလျှင် CD4 ကောင်ရေ ၃၅၀ အောက်ရှိမှ ART ကုထုံးအတိုင်း  ARV (Antiretroviral drugs) ဆေးများ ပေးရမည် ဖြစ်သည်။

“အခု မြန်မာနိုင်ငံမှာက WHO ရဲ့ ၂၀၁၀ လမ်းညွှန်ချက်ကိုပဲ အမျိုးသားအဆင့် လမ်းညွှန်ချက် ဆွဲပြီးလုပ်နေတုန်း ရှိသေး တယ်။ လက်ရှိ CD4 ၃၅၀ အောက်နဲ့ ART ပေးနေတာတောင် ဆေးဝါးလိုအပ်သူက တသိန်းနှစ်သောင်း သုံးထောင်ကျော် ရှိတယ်။ အခု လမ်းညွှန်ချက် အသစ်အတိုင်းဆိုရင် ဆေးလိုတဲ့သူတွေ ပိုတိုးလာမယ်။ အဲဒါကို ၂၀၁၅ – ၁၆ လောက်မှ အကောင်အထည် ဖော်နိုင်မယ်” ဟု MPG ဥက္ကဋ္ဌ ဦးမျိုးသန့်အောင်က ဧရာဝတီသို့ ပြောသည်။

မြန်မာနိုင်ငံတွင် ARV ဆေးဝါး လိုအပ်နေသေးသည့် HIV ပိုးရှိသူ တသိန်းနှစ်သောင်း ကျော်အတွက် ကမ္ဘာလုံးဆိုင်ရာ ရန်ပုံငွေအဖွဲ့ (Global Fund) ၏ စံအရ ၂၀၁၂ မှ ၂၀၁၅ ခုနှစ်အတွင်းတွင် ရောဂါပိုးရှိသူများ၏ ၈၅ ရာခိုင်နှုန်းအထိ ဆေးဝါး တိုးမြှင့် ပေးနိုင်ရန် ရည်မှန်းထားကြောင်း ကျန်းမာရေးဝန်ကြီးဋ္ဌာနမှ သိရသည်။

HIV/ AIDS ကာကွယ်တားဆီးရေး လုပ်ငန်းများ လုပ်ကိုင်နိုင်မှု အခြေအနေနှင့် ဖြစ်ပေါ်လာနေသည့် နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုများကြောင့် ကမ္ဘာလုံးဆိုင်ရာ ရန်ပုံငွေအဖွဲ့က မြန်မာနိုင်ငံအတွက် ရန်ပုံငွေများ တိုးမြှင့် ချထားပေးခဲ့သည့်အတွက် ယခုနှစ်တွင် အထူး ရန်ပုံငွေ အစီအစဉ်အဖြစ် အမေရိကန်ဒေါ်လာ ၁၁၆ သန်း ရရှိထားကြောင်း ဦးမျိုးသန့်အောင်က ပြောသည်။

WHO က ယခုထုတ်ပြန်လိုက်သည့် လမ်းညွှန်ချက်အသစ် အတိုင်း CD4 ၅၀၀ အောက် ရှိသူတိုင်း ART ကုထုံး ခံယူနိုင်မည် ဆိုလျှင် HIV မှ AIDS အဆင့်အထိ ဖြစ်ပွားမှုနှုန်း လျော့ကျနိုင်ခြင်း၊ HIV ပိုးကြောင့် ကိုယ်ခံအား ကျဆင်းလာရာမှ တခြား အခွင့်အရေးယူ ရောဂါများ ကူးစက်ခံရမှု မရှိနိုင်တော့သဖြင့် ဆေးကုသစရိတ်များ လျော့ကျခြင်း၊ စောလျှင်စွာ ဆေးကုသမှု ရရှိသဖြင့် ဗိုင်းရပ်စ်များကို ထိန်းချုပ်နိုင်လာပြီး တခြားသူများအား ကူးစက်မှုနှုန်း လျော့ကျစေခြင်း စသည့် အားသာချက်များ ရရှိနိုင်ကြောင်း သိရသည်။

WHO ၏ လမ်းညွှန်ချက်ကို လာမည့် ၃ နှစ်အတွင်း အကောင်အထည် ဖော်နိုင်ရန်အတွက် HIV ပိုး စစ်ဆေးမှုလုပ်ငန်းကို နိုင်ငံအနှံ့ အဆင်ပြေ လွယ်ကူစွာ လူတိုင်းလုပ်နိုင်ရန် အစိုးရက စီစဉ်ပေးသင့်ကြောင်း၊ အရည်အသွေး ပြည့်မီသော ကျန်းမာရေး ဝန်ဆောင်မှုများ ရရှိနိုင်ရန် HIV/ AIDS ဆိုင်ရာ ဥပဒေနှင့် မူဝါဒများ ချမှတ်ပေးရန်လည်း လိုအပ်ကြောင်း  ဦးမျိုးသန့်အောင်က အကြံပြု ပြောကြားသည်။

UNAIDS မှ ၂၀၁၁ ခုနှစ်တွင် တွက်ချက် ထုတ်ပြန်ခဲ့သော စာရင်းဇယားများ အရဆိုလျှင် မြန်မာနိုင်ငံတွင် HIV ပိုးရှိသူ ၂၂၀၀၀၀ ခန့် ရှိကြောင်း သိရသည်။

Your Thoughts …
Tags: HIV/AIDS
မြတ်စုမွန်

မြတ်စုမွန်

Contributor

Similar Picks:

ညပျော်တွေကြား တစခန်းထလာတဲ့ ခုခံအားကျဆင်းမှုရောဂါ

ညပျော်တွေကြား တစခန်းထလာတဲ့ ခုခံအားကျဆင်းမှုရောဂါ

by စောအောင်ထွန်း
3 December 2024
8.3k

တဖက်မှာလည်း စစ်ကောင်စီအပေါ် နိုင်ငံတကာရဲ့ အရေးယူမှုတွေကြောင့် အခမဲ့ဆေးခန်းတွေ၊ အစိုးရမဟုတ်တဲ့ ကျန်းမာရေး အဖွဲ့ အစည်းတွေ နိုင်ငံတွင်းမှ ထွက်ခွာသွားတာကြောင့် ယခင် လွယ်လင့်တကူရခဲ့တဲ့ ART ဆေးဝါးထောက်ပံ့မှုတွေဟာ တန်းစီစောင့်ရတဲ့ အခြေ အနေဖြစ်သွားပါတယ်။ ဒါတွေအပြင် နိုင်ငံတကာအလှူရှင်တွေ...

ဇင်းမယ်မြို့က မြန်မာအမျိုးသား လိင်လုပ်သားများ

ဇင်းမယ်မြို့က မြန်မာအမျိုးသား လိင်လုပ်သားများ

by ကျော်ခ
8 January 2015
25.1k

ဖြေညင်းတဲ့ တေးသံစဉ် နဲ့အတူ စင်ပေါ်မှာ ခန္ဓာကိုယ် အဝတ်ဗလာကျင်း ထားတဲ့ လူငယ်တဦးက ဘားကွင်းတွေကို ဆွဲပြီး သူ့ရဲ့ ခန္ဓာကိုယ် အလှပြရင်း လိင်ဆွဲဆောင်တဲ့ ကကွက်တွေကို တကိုယ်တော် ကပြနေပါ တယ်။

AIDS, HIV, UNICEF, USAIDS

HIV ဒုတိယမျိုးဆက်နဲ့ စိန်ခေါ်မှုများ

by မြတ်စုမွန်
31 March 2015
12.5k

HIV ပိုးရှိတဲ့ ကိုယ်ဝန်ဆောင် မိခင်ကတဆင့် သန္ဓေသားကို မကူးစက်ရအောင် မွေးဖွားတဲ့ နည်း ပညာဟာ ၈၀ ရာခိုင်နှုန်းလောက် အောင်မြင်မှု ရှိနေပြီး ကျန်တဲ့ ၂၀ ရာခိုင်နှုန်းကတော့ သန္ဓေသားကို ဆက်လက် ကူးစက် နေဆဲ

ထိုင်းရောက် မြန်မာ အလုပ်သမားများကြား HIV ကူးစက်နှုန်း တိုးလာ

ထိုင်းရောက် မြန်မာ အလုပ်သမားများကြား HIV ကူးစက်နှုန်း တိုးလာ

by မြတ်စုမွန်
28 March 2013
3.7k

“အရင်နှစ်တွေက ဆိုရင် မယ်တော်ဆေးခန်းမှာ သွေးစစ်တာနဲ့ ကျနော်တို့ဆီကို ရောက်လာတဲ့ လူဦး ရေက တနှစ်မှာ အသစ်၂၀၀ တွေ့ခဲ့တယ်။ အခုနောက်ပိုင်း တနှစ်ကို လူနာအသစ် ၃၅၀ လောက်ထိ တိုးလာတယ်”

၁၉၄၉ ပြည့်တန်ဆာနှိပ်ကွပ်ရေး ဥပဒေ ပြင်ဆင်ရန် အဘက်ဘက်မှ ကြိုးပမ်းသွားမည်ဟုဆို

၁၉၄၉ ပြည့်တန်ဆာနှိပ်ကွပ်ရေး ဥပဒေ ပြင်ဆင်ရန် အဘက်ဘက်မှ ကြိုးပမ်းသွားမည်ဟုဆို

by ညိမ်းပြည့်စုံ
9 July 2013
5.7k

အုပ်ချုပ်နေတဲ့သူတွေ၊ ပြည့်တန်ဆာတွေနဲ့ ထိတွေ့နေရတဲ့ အာဏာပိုင်တွေဟာ ဒီဥပဒေ ခေတ်မမီတော့တာ၊ တခြားတိုင်းပြည်မှာ ဒီကိစ္စကို ဥပဒေနဲ့ ဘယ်လို ထိန်းချုပ် ကိုင်တွယ်နေတယ်၊ ကျန်းမာရေး ရှုထောင့် အနေနဲ့ ဘယ်လို ဖြေရှင်းနေတယ် ဆိုတာကို သိကြတယ်

မနှင်းဆီ ပါးလိုက်တဲ့ HIV သတင်းစကား

မနှင်းဆီ ပါးလိုက်တဲ့ HIV သတင်းစကား

by ဆလိုင်းသန့်စင်
30 November 2014
14.7k

“ယောကျာ်းမရှိတော့ ရပ်တည်ဖို့ အခက်အခဲ ဖြစ်သွားတယ်။ ဒီကြားထဲ မိဘတွေကလည်း မပြေ လည်ဘူး။ ကျမသား အငယ်ဆုံး ၃ လသားလေး နို့တိုက်ရင်းကနေပဲ ရပ်ကွက်ထဲက ခေါင်းအိမ်ခေါ် မှာပေါ့နော်၊ ဖောက်သည်တွေ ချိတ်ဆက်ပေးတဲ့အိမ် မှာ ပုခက်နဲ့ထားခဲ့ပြီး...

Next Post
သူရဦးရွှေမန်း ပြည်ထောင်စု လွှတ်တော် နာယက  ရာထူး သြဂုတ်လတွင် လွှဲယူမည်

သူရဦးရွှေမန်း ပြည်ထောင်စု လွှတ်တော် နာယက ရာထူး သြဂုတ်လတွင် လွှဲယူမည်

စိန်တလုံးသရက် နှစ် ၂၀ အတွင်း ဈေးအမြင့်ဆုံး ရရှိ

စိန်တလုံးသရက် နှစ် ၂၀ အတွင်း ဈေးအမြင့်ဆုံး ရရှိ

No Result
View All Result

Recommended

NUG ဘာတွေပြင်သင့်သလဲ

NUG ဘာတွေပြင်သင့်သလဲ

3 days ago
3.7k
ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

6 days ago
3.6k

Most Read

  • အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

    အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၄

    shares
    Share 0 Tweet 0
  • ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၃

    shares
    Share 0 Tweet 0
  • ကျနော်တို့က တော်လှန်ရေးမျက်နှာကိုပဲ ထောက်ရမှာဖြစ်တယ်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate